❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၃၇ ထိုတပည့်တော် နှစ်ဦးအနက် တစ်ဦးမှာ အနြေ္ဒု (Andrew) (၁း၄၀) ဖြစ်ပြီး အခြားတစ်ဦးမှာ ဤကျမ်းကိုရေးသော ရှင်ယောဟန် ဖြစ်ပေလိမ့်မည်။ ဤတပည့်တော် (၂) ဦးသည် နှစ်ခြင်းဆရာ ယောဟန်အား အဘယ်ကြောင့် စွန့်ခွာခဲ့သနည်း။ အမှန်မှာ နှစ်ခြင်းဆရာ ယောဟန်က စွန့်ခွာစေလို သောကြောင့် ဖြစ်သည်။ နှစ်ခြင်းဆရာ ယောဟန်၏ တာဝန်မှာ လူတို့အား ယေရှုကို ညွှန်ပြခြင်း၊ ယေရှုရှင်၏ လမ်းခရီးကို ပြင်ဆင်ပေးခြင်းသာဖြစ်သည်။ ထိုတပည့်တော်တို့သည် ရှိမုန် (Simon)၊ ပေတရု (Peter) (၁း၄၂) နာသနေလ (Nathanael) (၁း၄၅) တို့နှင့်အတူ တမန်တော်များ ဖြစ်ကြသည်။
၁း၃၈ တပည့်တော်တို့သည် ယေရှုနောက်သို့ စတင်လိုက်လျှောက် သောအခါ၌ ယေရှုမှ တပည့်တော်တို့အား ̔’ဘယ်အရာကို အလိုရှိသနည်း’ ဟု မေးခဲ့သည်။ ကျွန်ုပ်တို့သည် ယေရှုနောက်သို့ သာမန်လိုက်ရုံသာ မကဘဲ မှန်ကန်သော ရည်ရွယ်ချက်ဖြင့် လိုက်လျှောက်ရန် အရေးကြီးသည်။ ဘုရားသခင် အတွက်သာ လိုက်လျှောက်သော သူဖြစ်ရန် အရေးကြီးသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါသလား၊ ဘုရားရှင်၏ အကျိုးအတွက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါသလား။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯