❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၃-၅ သင်၏အသက်တာကို ဘုရားရှင်က နားမလည်နိုင်ပါဟု ခံစားမိပါသလား။ သင်သတိရသင့်သည်မှာ ဘုရားရှင်သည် စင်္ကြာဝဠာကို ဖန်ဆင်းခဲ့သူ ဖြစ်သောကြောင့် မည်သည့်အရာကိုမဆို သူသည် နားလည်နိုင်သည်။ ဘုရားရှင်သည် သင့်ကို ဖန်ဆင်းခဲ့သည်။
သူသည် ယနေ့အချိန်၌ အသက်ရှင်လျက်ရှိပြီး သူ၏ မေတ္တာတော်သည် သင်တွေ့ ကြုံနေရသော မည်သည့် ပြဿနာ ထက်မဆို ကြီးမားသည်။
၁း၃ ဘုရားရှင်သည် လွတ်လပ် လဟာမှသည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားရှင် ဖန်ဆင်းထားသော အရာမျှသာဖြစ်သောကြောင့် မည်သို့မျှ ဂုဏ်မာန တက်စရာမရှိပါ။ သင့်ကို ဘုရား ဖန်ဆင်း ခဲ့သောကြောင့်သာ သင် အသက်ရှင်ရခြင်း၊ သင်၌ ထူးခြားသော အရည်အသွေးရှိခြင်းများကို အစဉ်သတိရပါ။ ဘုရားရှင်အားဖြင့်သာ သင်သည် ထူးခြားသော တန်ဖိုးရှိသူဖြစ်ရသည်။ ဘုရားရှင်မပါရှိလျှင် သင်သည် အနတ္တသက်သက်သာ ဖြစ်သည်။ ဘုရားရှင်နှင့်အတူ အသက်မရှင်ခြင်းသည် သင့်အားဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်ကို စွန့်ပစ်ရာရောက်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯