❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁

၁း၎-၅ ‘မှောင်မိုက်သည် မခံမယူ’ ၏ အဓိပ္ပါယ်မှာ မကောင်းမှု မှောင်မိုက်သည် ဘုရားရှင်၏ အလင်းကို မည်သည့်အခါမှ ဖုံးကွယ်ခြင်း၊ ပျောက်ကွယ်ခြင်း မပြုနိုင်။ ယေရှုခရစ်သည် အသက်ကို ဖန်ဆင်းသောအရှင်ဖြစ်ပြီး သူ၏ အသက်တာသည် လူသားတို့အား အလင်းကိုပေးခဲ့သည်။ သူ၏အလင်းဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကယ်တင်ခြင်း လိုအပ်သော လူသားအဖြစ် မြင်ရသည်။ ယေရှုတည်းဟူသော စစ်မှန်သည့် အလင်း၏ နောက်တော်သို့ လိုက်လျှောက်အသက်ရှင်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်တရား၏ နွံတွင်ကျရောက်ခြင်းမှ၎င်း၊ ဦးတည်ချက် ကင်းမဲ့သည့် အသက်တာမှ၎င်း ကင်းဝေးစေသည်။ ယေရှုသည် ကျွန်ုပ်တို့ရှေ့ဆက် လျှောက်လှမ်းရာ လမ်းကြောင်းကို လင်းစေသောကြောင့် ကျွန်ုပ်တို့သည် မည်သို့အသက်ရှင်ရမည်ကို တွေ့ရှိနိုင်သည်။ ယေရှုသည် အပြစ်တရား တည်းဟူသော အမှောင်ထုကို ကျွန်ုပ်တို့ အသက်တာမှ ဖယ်ရှားပေးသည်။ သင်သည် ခရစ်တော်၏ အလင်းကို သင်၏အသက်တာ၌ လင်းစေပါသလား။ သင်၏အသက်တာကို ခရစ်တော်အား လမ်းညွှန်စေလျှင် သင်သည် အမှောင်ထု၌ မည်သည့်အခါမျှ တုန်လှုပ်ခြောက်ခြား မည်မဟုတ်ပါ။

Continue… »»


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.