❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၀
၁၀း၃၀ ဤပြောကြားချက်၌ ယေရှုက သူသည် ဘုရားသခင် ဖြစ်ကြောင်းကို အရှင်းလင်းဆုံး ပြောခဲ့ခြင်း ဖြစ်သည်။ ယေရှုနှင့် ခမည်းတော် တို့သည် အနှစ်သာရ ဘဘောသဘာဝမှာ တစ်ဦးတည်းဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဆရာကောင်း တစ်ဦးမျှသာ မဟုတ်။ ဘုရားသခင်လည်း ဖြစ်သည်။ သူ့ကိုယ်သူ ဘုရားဖြစ်သည်ဟူ၍ ပြောဆိုမှုသည် မှားယွင်းခြင်းမရှိပါ။ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား သတ်ပစ်လိုသည်။ ဥပဒေအရ မိမိကိုယ်ကို ဘုရားဖြစ်သည်ဟု ပြောဆို သူတိုင်းသည် အသေသတ် ခံသင့်သည်ဟု ဖော်ပြထား၍ ဖြစ်သည်။ ယေရှုသည် ဥပဒေနှင့် ဆန့်ကျင်သော စကားကို ပြောခဲ့သည်။ လူ့ဥပဒေအရ လွတ်ခွင့်မရနိုင်ပါ။
၁၀း၃၁ ဂျူးလူမျိုး ခေါင်းဆောင်များသည် ဝတ်ပြုရာကျမ်း ၂၄း၁၆ ၌ ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုကျမ်း၌ မိမိကိုယ် မိမိ ဘုရားဖြစ်သည်ဟု ပြောဆိုသူအား ကျောက်ခဲဖြင့် ပစ်သတ်ရမည်ဟု ဖော်ပြထားသည်။ ထိုသူများသည် ယေရှုအား ကျောက်ခဲဖြင့်ပစ်ရန် အကြိမ်ကြိမ် ကြံရွယ်ခဲ့ကြသည်။
❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯