❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၆

၁၆း၁၀-၁၁ ခရစ်တော်၏ ကားတိုင်ပေါ်၌ သေဆုံးခြင်းသည် ကျွန်ုပ်တို့အား ဘုရားရှင်နှင့် နီးစပ်ခြင်း ဖြစ်စေသည်။ ကျွန်ုပ်တို့က ကိုယ့်အပြစ်ကို ဝန်ချတောင်းပန် သောအခါ ဘုရားရှင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သော သူများအဖြစ် ကြော်ငြာလျက်၊ အပြစ်အတွက် စီရင်ခြင်းမှ ကယ်တင်ပေးသည်။

၁၆း၁၃ သန့်ရှင်းသော ဝိညာဉ်တော်က လမ်းညွှန်သော သမ္မာတရားသည် ခရစ်တော်နှင့် ပတ်သက်သော အမှန်တရား ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အား အမှားအမှန်ကို ခွဲခြားနိုင်အောင် ကူညီလေ့ကျင့်ပေးသည်။

၁၆း၁၃ ယေရှုက ပြောခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် နောင်လာလတံ့သော အရာများကို ဖော်ပြလိမ့်မည်။ နောင်လာလတံ့သော အရာများကို သူတို့၏သာသနာ အတိမ်အနက်၊ တွေ့ကြုံရမည့် အနှောက်အယှက်များ၊ သူတို့ လုပ်ဆောင်မှုများ၏ နောက်ဆုံး၌ ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုတို့ ဖြစ်သည်။ ယေရှုသည် သေဆုံး၍ ရှင်ပြန်ထမြောက်ပြီး သန့်ရှင်းသော ဝိညာဉ် တော်အားဖြင့် ကြွလာသောအချိန်အထိ တမန်တော်တို့သည် ထိုကတိတော်များကို အပြည့်အဝ နားမလည်ခဲ့ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် တမန်တော်တို့အား ထိုအရာများကို ဖော်ပြခဲ့ပြီး၊ တမန်တော်တို့သည် ထိုအရာများကို ယခုအချိန်၌ ဓမ္မသစ်ကျမ်း (New Testament) ဟူ၍ လူများမှသိသော စာစောင်များ၌ရေးခဲ့သည်။

Continue… »»


❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.