❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၆
၁၆း၂ ယဇ်ပရောဟိတ်မင်း (High Priest) များ၏ ခွင့်ပြုချက်ဖြင့် ရှောလု (Saul) သည် ခရစ်ယာန် ဘာသာဝင်တို့အား ရှာဖွေနှိပ်စက် ခဲ့သည်။ ထိုအချိန်၌ ရှောလုက သူ၏လုပ်ဆောင်ချက်များသည် မှန်ကန်သည်ဟု ယုံကြည်ခဲ့သည် (တ ၉း၁-၂၊ ၂၆း၉-၁၁)။
၁၆း၅ တမန်တော်တို့က ယေရှုသေဆုံးခြင်း၏ အဓိပ္ပါယ်ကို မဆင်ခြင်ခဲ့ကြပါ။ သူတို့သည် သူတို့အတွက်သာ ပို၍ စိုးရိမ်ခဲ့ကြသည်။ ယေရှု ထွက်ခွာသွားသောအခါ၌ သူတို့သည်မည်ကဲ့သို့ ဖြစ်မည်ကို ပူပန်ခဲ့ကြသည်။
၁၆း၇ အကယ်၍ ယေရှုသည် ထိုလုပ်ဆောင်ဖွယ်ရာများကို မလုပ်ဆောင်ခဲ့လျှင် သတင်းကောင်းဟူ၍ မရှိနိုင်ပါ။ အကယ်၍ ယေရှုသည် မသေဆုံးခဲ့လျှင် သူသည် ကျွန်ုပ်တို့၏ အပြစ်များကို မဖက်ရှားနိုင်ဘဲ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် သေခြင်းကို မအောင်မြင်နိုင်ပါ။ သူသည် ဖခမည်းတော်ထံသို့ မသွားခဲ့လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် လာရောက်မည် မဟုတ်။ ဤကမ္ဘာ၌ ခရစ်တော်သည် အချိန်တစ်ခု၌ တစ်နေရာတည်း၌သာ ရှိခဲ့သည်။ သူသည် ထွက်ခွာသွားသော အခါ၌ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သူသည် ဤကမ္ဘာကြီး တစ်ခုလုံး၌ တည်ရှိနိုင်မည် ဖြစ်သည်။
❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯