❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၈
၁၈း၃၈ ပိလတ်မင်းသည် တွေဝေသော သူဖြစ်သည်။ အမှန်တရားသည် နှိုင်းယှဉ်ခြင်း အားဖြင့်သာ ဖြစ်သည်ဟု ယုံကြည်သည်။ အုပ်စိုးသူများအဖို့ အမှန်တရားသည် လူအများစုမှ သဘောတူသော အရာ၊ သူတို့၏ တန်ခိုး အရှိန်အဝါနှင့် နိုင်ငံရေး ရည်မှန်းချက်များကို ဖြစ်မြောက်အောင် ကူညီမည့် အရာပင်ဖြစ်သည်။ အမှန်တရားသည် အခြေအမြစ် မရှိသောအခါ၌ အကျင့်စာရိတ္တအားဖြင့် မှန်ကန်မှု အခြေအမြစ် မရှိနိုင်။ ထိုအခါ အလုပ်ဖြစ်သောအရာ၊ တန်ခိုးအာဏာကို ပေးသော အရာသည် တရားမျှတမှု ဖြစ်လာသည်။ ယေရှု၌၄င်း၊ ယေရှု၏ စကားတော်အားဖြင့်၎င်း၊ ကျွန်ုပ်တို့၌ အမှန်တရား၊ သင့်တင့် လျောက်ပတ်သော အကျင့်စံနှုန်းရှိသည်။
၁၈း၄၀ ဗရဗ္ဗ (Barabbas)သည် ရောမတို့အား ပုန်ကန်သောသူ ဖြစ်ခဲ့သည်။ သူသည် လူသတ်သမား ဖြစ်သော်လည်း ဂျူးလူမျိုးတို့အဖို့ သူသည် ထင်ပေါ် ကျော်ကြားသူ ဖြစ်ပေမည်။ ဂျူးလူမျိုးတို့သည် ရောမတို့၏ အုပ်စိုးခြင်း၊ သူတို့အား အခွန်ပေးရခြင်းကို မနှစ်မြို့ပေ။ ဗရဗ္ဗသည် အရေးနိမ့်သော ပုန်ကန်မှုကို ခေါင်းဆောင် ခဲ့သောသူ ဖြစ်သည်။ ဣသရေလ လူမျိုးတို့အား အမှန်တကယ် ကယ်တင်နိုင်မည့် ယေရှုအား လွှတ်မည့်အစား ဗရဗ္ဗကိုလွှတ်စေခဲ့သည်။
❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯