❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၁၀ ဤတရား ကြားနာသည့် အမှု၌ ပိလတ်မင်းက ဘာသာရေး ခေါင်းဆောင်များတို့အား ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပါ။ ယေရှုကသာ ထိန်းချုပ်နိုင်ခဲ့သည်။ ပိလတ်မင်းသည် ယေရှုခရစ်အား သက်ညှာမှု ပြုလိုသော်လည်း ဂျူးလူမျိုး ခေါင်းဆောင်များသည် မုန်းတီးမှု၊ အမျက်ဒေါသဖြင့် တုန့်ပြန်ခဲ့ကြသည်။ သို့သော် မတရား စွပ်စွဲသူများ အကြား၌ ယေရှုသည် လှုပ်ရှားမှု မဖြစ်ခဲ့ပါ။ ဤကြားနာမှုသည် ယေရှုထက် ပိလတ်မင်းနှင့် ဘာသာရေး ခေါင်းဆောင်များအတွက် ဖြစ်ခဲ့သည်။ သင်၏ ယုံကြည်ခြင်းအတွက် သင်သည် မေးမြန်းခြင်း ပျက်ရယ်ပြုခြင်းများကို ခံရသောအခါ၌ သင်သည် ထိုသူများရှေ့၌ တရားစီရင်ခြင်းကို ခံနေရသကဲ့သို့ ရှိသော်လည်း ထိုသူတို့သည်သာ ဘုရားရှင်၏ ရှေ့တော်၌ တရားစီရင်ခြင်းကို ခံနေရကြောင်းသတိရပါ။
၁၉း၁၁ ယေရှုမှ သူ့အား ပိလတ်မင်းထံသို့ ပို့ဆောင်သောသူများ၌ ပို၍ အပြစ်ကြီးသည်ဟု ဆိုရာ၌ ပိလတ်မင်းအား နိုင်ငံရေးဖိအား ပေးမှုများကြောင့် ထိုသို့ပြုရသည်ဟု ချွင်းချက်ပြုခဲ့ခြင်း မဟုတ်ပါ။ ပိလတ်မင်း၌ ဆုံးဖြတ်ချက်ချရန် တာဝန်ရှိသည်။ ကာယဖ (Caiaphas) နှင့် အခြားသော ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား သတ်ပစ်ရန် ကြံစည်လုပ်ဆောင် ခဲ့ကြသောကြောင့် ထိုသူတို့သည် ပို၍ အပြစ်ကြီးသည်ဟုဆိုလိုသည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯