❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၂၀ ထိုကမ္ဗည်းကို ဘာသာစကား ၃ မျိုးဖြင့် ရေးထိုးခဲ့သည်။
• ဂျူးလူမျိုးတို့အတွက် ဟေဗြဲ (Hebrews) ဘာသာစကားဖြင့်၎င်း၊
• ရောမလူမျိုးတို့အတွက် လက်တင် (Latin) ဘာသာစကားဖြင့်၎င်း၊
• အခြားသောလူမျိုး ဧည့်သည်များအတွက် ဂရိ (Greek) ဘာသာစကားဖြင့်၎င်း ရေးထိုးခဲ့သည်။
၁၉း၂၃-၂၄ ထုံးစံအားဖြင့် ကားတိုင်တင်ခြင်းကို ကြီးကြပ်သော ရောမစစ်သားများသည် ကားတိုင်တင်ခံရသော သူ၏အဝတ်ကို ယူလေ့ရှိသည်။ သူတို့သည် ယေရှု၏ အဝတ်တော်ကို ခွဲယူသော်လည်း အတွင်းအင်္ကျီတော်ကို စာရေးတံချခဲ့သည်။ အတွင်းအင်္ကျီတော်သည် တန်ဖိုးအရှိဆုံးဖြစ်သည်။ ဤအချက်သည် ဆာလံ ၂၂း၁၈ ၌ ပြုထားသည့် ပရောဖက်ပြုမှု (Prophecy) အား ပြည့်စုံစေသည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯