❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၂၉ ပုန်းရည်သည် ဈေးပေါသော စပျစ်အချဉ်ဖြစ်ပြီး၊ ရာဇဝတ်သားသေဆုံးသော အချိန်ကိုစောင့်ဆိုင်းနေသည့် ရောမစစ်သားများ သောက်သုံးသော စပျစ်ရည်ဖြစ်သည်။
၁၉း၃၀ ထိုအချိန်အထိ ရှုပ်ထွေးသော ယဇ်ပူဇော်ခြင်း အားဖြင့်သာ အပြစ်ပြေနိုင်သည်။ အပြစ်သည် လူနှင့် ဘုရားရှင်အား ကွာခြားစေပြီး တိရစ္ဆာန်များအား ယဇ်ပူဇော်ခြင်း အားဖြင့်သာ လူတို့သည် ဘုရား၏ရှေ့၌ သန့်ရှင်းခြင်းသို့ ရောက်သည်။ သို့သော် လူတို့သည် ဆက်လက် အပြစ်ပြုနေသောကြောင့် မကြာခဏ ယဇ်ပူဇော်ရသည်။ ယေရှုသည် အဆုံးသော ပူဇော်ရာ ယဇ်ဖြစ်ခဲ့သည်။ ‘အမှုပြီးပြီ (It is finished)’ ဟူသော စကားသည် ပြီးပြည့်စုံစွာ ပေးဆပ်သည်ဟုလည်း အဓိပ္ပါယ်ရသည်။ ယေရှုအားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း လုပ်ငန်းစဉ် ပြီးပြည့်စုံရသည် (၄း၃၄၊ ၁၇း၎)။ ယေရှုသည် အပြစ်၏ အဖိုးအခကို ပြည့်စုံစွာပေးခဲ့သည်။ သူ၏ သေဆုံးခြင်းသည် ရှုပ်ထွေးလှသော ယဇ်ပူဇော်ခြင်းအား အဆုံးသတ်စေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်တို့၏ အပြစ်များကို သူ၏အပေါ်၌ ယူဆောင်သွားခဲ့သည်။ ယခုအချိန်၌ ယေရှု၏ လုပ်ဆောင်ချက်ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် ထံတော်သို့ လွတ်လပ်စွာ ချဉ်းကပ်နိုင်သည်။ ယေရှု၏ သေဆုံးခြင်းနှင့် ထမြောက်ခြင်းကို ယုံကြည်သော သူများသည် ဘုရားသခင်နှင့် ထာဝရ တည်ရှိနိုင်ပြီး အပြစ်၏ အဖိုးအခမှ လွတ်ခြင်း အခွင့်ကိုရသည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯