❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂

၂း၁၃ ပဿခါပွဲ (Passover) ကို ယေရုရှလင်မြို့ရှိ ဗိမာန်တော် (Temple) ၌ နှစ်စဉ်ပြုလုပ် လေ့ရှိကြသည်။ ထိုအချိန်၌ ဂျူးအမျိုးသား (Jewish) အားလုံးတို့သည် ထိုပွဲကို တက်ရောက်လေ့ ရှိကြသည် (တရား ၁၆း၁၆)။ ပဿခါပွဲနေ့သည် တစ်နေ့တည်း ဖြစ်သော်လည်း တဆေးမဲ့မုန့် (Bread without yeast) စားသောပွဲမှာ တစ်ပတ်ကြာသည်။ ထိုတစ်ပတ်လုံးတွင် ဂျူးလူမျိုးများက အီဂျစ်ပြည် (Egypt) မှ ကျွန်အဖြစ် လွတ်မြောက်ခြင်းကို ပြန်လည် သတိရသည့် အနေဖြင့် ကျင်းပကြခြင်းဖြစ်သည်။

၂း၁၃ ယေရုရှလင်မြို့ (Jerusalem) သည် ပါလက်စတိုင်း (Palestine) တို့၏ ဘာသာရေး၊ နိုင်ငံရေး အချက်အခြာ ကျသောမြို့ ဖြစ်သည်သာမက မေရှိယ (Messiah) ပေါ်ထွန်းမည့် မြို့လည်း ဖြစ်သည်။ ဗိမာန်တော်သည် ထိုမြို့၌ရှိပြီး တစ်ကမ္ဘာလုံး၌ ဂျူးမိသားစုများသည် ထိုပွဲအချိန်၌ ယေရုရှလင်မြို့သို့ သွားရောက်လေ့ရှိကြသည်။ ဗိမာန်တော်သည် ထိုမြို့၏ကုန်းမြင့်ပေါ်၌ တည်ရှိသည်။ ရှောလမုန် (Solomon) က ပထမဗိမာန်ကို ထိုနေရာ၌ အနှစ် ၁၀၀၀ ခန့်က တည်ခဲ့သည် (949 BC)။ သို့သော်လည်း ထိုဗိမာန်ကို ဘေဘီလိုနီးယား (Babylonian) လူတို့က ဖျက်ဆီးခဲ့ကြသည် (၄ ရာ ၂၅)။ ထိုဗိမာန်တော်ကို ဟေရုဒ်မင်းကြီး (King Herod) က (515 BC) အချိန်တွင် ပြန်လည်တိုးချဲ့ တည်ဆောက်ခဲ့သည်။

Continue… »»


❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.