❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂
၂း၁၅-၁၆ ယေရှုသည် ကြိုးဖြင့် ကြာပွတ်လုပ်ပြီး ထိုကုန်သည်တို့ကို မောင်းထုတ်လိုက်လေသည်။ ယင်းသည် ကျွန်ုပ်တို့အား မှားယွင်း သူများအပေါ် ပြင်းထန်စွာ တုံ့ပြန်ခွင့်ကို ပေးခြင်း ဖြစ်ပါသလား။ အချို့သော အခွင့်အာဏာကို အချို့သော အုပ်စိုးသူတို့အား ပေးထားသော်လည်း ထိုအခွင့်အာဏာကို လူတိုင်းအား မပေးပါ။ ဥပမာအားဖြင့် ရဲသားတို့သည် လက်နက်အသုံးပြုခွင့် ရှိသော်လည်း သာမန်လူများ၌ ထိုအခွင့်မရှိပါ။ တရားသူကြီးတို့သည် လူတို့အား ထောင်ချနိုင်သော်လည်း သာမန်လူတို့သည် ထိုသို့လုပ်ပိုင်ခွင့်မရှိ။ ယေရှု၌ ဘုရားသခင်၏ အခွင့်အာဏာ ရှိသော်လည်း ကျွန်ုပ်တို့၌ ထိုအခွင့်အာဏာ မရှိ၊ ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့ အသက်ရှင်ရမည် ဖြစ်သော်လည်း ခရစ်တော်ကဲ့သို့ အခွင့်အာဏာ အပြည့်အဝ ရှိသောသူများ ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုသင့်ပေ။
၂း၁၇ ယေရှုက ဗိမာန်တော်၌ ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ထိုသူတို့က ဘုရားသခင်အား ပြစ်မှားခြင်းကြောင့် ဖြစ်သည်။ ယေရှုက ထိုသူတို့အား ဒေါသနှင့် ဆုံးမခဲ့ခြင်း မဟုတ်။ ထိုသူတို့၏ ဘုရားရှင်အပေါ် မထီလေးစား ပြုမှုကြောင့် ယေရှုသည် ပြင်းထန်သော အမျက်ဒေါသ ဖြစ်နေခြင်းသာဖြစ်သည်။
❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯