❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂၀

၂၀း၂၅-၂၈ ယေရှုသည် သောမအား အပြစ်မမြင်ခဲ့ပါ။ သောမသည် သူ၏ သံသယစိတ်များ အကြား၌ပင် တပည့်တော်တို့နှင့် ယေရှုအပေါ် သစ္စာရှိခဲ့သည်။ လူအချို့တို့၌ မယုံကြည်ခင် ရှေးဦးစွာ သံသယစိတ် ဖြစ်ပေါ်စေရန် လိုအပ်သည်။ သံသယစိတ်သည် မေးခွန်းကို ဖြစ်ပေါ်စေပြီးနောက် ထိုအဖြေကို ထိုသူသည် လက်ခံသောအခါ၌ ထိုသံသယသည် ကောင်းသော အမှုကို ဖြစ်စေသည်။ သံသယသည် နားမလည်နိုင်မှုကို ဖြစ်စေသော အခါ၌ အသက်တာကို အန္တရာယ်ပြုသည်။ သင်သည် သံသယစိတ် ဖြစ်ပေါ်သောအခါ၌ ထိုအဆင့်၌ မရပ်နေပါနှင့်။ ထိုသံသယစိတ်နှင့် အဖြေကိုရှာရင်း၊ သင်၏ ယုံကြည်စိတ်ကို ပို၍လေးနက်စေပါ။

၂၀း၂၇ ရှင်ပြန်ထမြောက် (Resurrection) သော ယေရှု၏ ခန္ဓာကိုယ်သည် အသစ်သော ကိုယ်ဖြစ်၍ ထူးခြားမှုရှိသည်။ ယေရှု၏ ခန္ဓာကိုယ်သစ်သည် အသွေးရှိသော ပုပ်ပျက်တတ်သော ခန္ဓာကိုယ်ကဲ့သို့ မဟုတ်တော့ပါ။ ယေရှု၏ အသစ်သော ခန္ဓာကိုယ်သည် သဘာဝတရား၏ ထိန်းချုပ်မှုအောက်၌ မရှိတော့ပါ။ သူသည် သော့ခတ်ထားသော အခန်း၌ ပေါ်လာနိုင်သော်လည်း သူသည် သူရဲ၊ တစ္ဆေ၊ မှင်စာကဲ့သို့မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့အား ထိတွေ့နိုင်သည်။ သူသည် စားသောက်နိုင်သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းသည် ခန္ဓာကိုယ်မရှိသော ဝိညာဉ်ကဲ့သို့မဟုတ်ပါ။

Continue… » »


❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.