❮ Prev . . . ၁၉ ၂၀ အခန်းကြီး ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂၁

၂၁း၁၅-၁၇ ဤကမ်းခြေ၌ ယေရှုသည် ပေတရု၏ တွေဝေမှုကို ဖယ်ရှားစေခဲ့သည်။ ပေတရုသည် ယေရှုအား ၃ ကြိမ် ငြင်းဆန်ခဲ့သည်။ ယေရှုသည် ပေတရုအား သူ့ကို ချစ်ပါသလားဟု ၃ ကြိမ် မေးခဲ့သည်။ ပေတရုက ချစ်ပါသည်ဟု ဖြေကြားသောအခါ၌ ငါ၏ သိုးတို့ကို ကျွေးမွေးလော့ဟု ယေရှုက ပြောခဲ့သည်။ ယေရှုအား ချစ်ပါသည်ဟု ပြောခြင်းသည် အရေးပါသကဲ့သို့ သူ့အား လိုလားစွာ အစေခံခြင်းသည်လည်း အလွန် အရေးကြီးပေသည်။ ပေတရုသည် နောင်တရသောအခါ၌ ယေရှုက ပေတရုအား သူ့၏ အသက်တာကို ဆက်ကပ်ရန် တောင်းဆိုခဲ့သည်။ ပေတရုသည် ယေရှုရှင်အားမည်သူမည်ဝါ ဖြစ်ကြောင်းကို သိရှိလာသောအခါ၌ သူ၏ အသက်တာသည် ပြောင်းလဲခဲ့သည်။ သူသည် တံငါဘဝမှ ဧဝံဂေလိ (Gospel) ကို ဟောပြောသူ၊ ပျော့ညံ့သောသူအဖြစ်မှ ခိုင်မာသောသူ ဖြစ်လာသည်။ သူနှင့် ယေရှု၏ ဆက်ဆံရေးမှာ ပြောင်းလဲခဲ့သည်။ သူသည် အပြစ်လွတ်ခြင်းကို ခံရသည်။ ယေရှု၏ သေဆုံးခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ ပြောကြားချက်များကို နောက်ဆုံး၌ ပေတရုသည် နားလည်လာခဲ့သည်။

Continue… » »


❮ Prev . . . ၁၉ ၂၀ အခန်းကြီး ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.