❮ Prev . . . အခန်းကြီး ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၎

၎း၃၆-၃၈ ယေရှုက ကျွန်ုပ်တို့အား ပေးမည့်အခမှာ ဘုရားသခင်အတွက် လုပ်ဆောင်ရာ၌ ရွှင်လန်းမှုရှိခြင်းနှင့် ယုံကြည်သူ အများအပြားကို ရိတ်သိမ်း၍ မြင်တွေ့စေခြင်း ဖြစ်သည်။ စိုက်ပျိုးသောသူနှင့် ရိတ်သိမ်းသောသူတို့ ရရှိမည့်အခမှာ အတူတူပင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုသူနှစ်ဦးစလုံးသည် ခရစ်တော်၏ နိုင်ငံတော်သို့ ဝင်ရောက်လာသော ယုံကြည်သူများကို မြင်တွေ့သောအခါ၌ ဝမ်းမြောက်ခြင်းကို ရရှိသောကြောင့် ဖြစ်သည်။ “အခြားသောလူတို့ လုပ်ဆောင်ပြီး (အလုပ်) လယ်” ဟု ဆိုရာ၌ ဓမ္မဟောင်း ပရောဖက် (Prophet) များနှင့် နှစ်ခြင်းဆရာ ယောဟန် (John the Baptist) တို့မှ သတင်းကောင်းအတွက် ထွန်ယက်ခဲ့ခြင်းကို ဆိုလိုသည်။

၎း၃၉ ရှမာရိ (Samaria) အမျိုးသမီးသည် သူမ၏ အတွေ့အကြုံကို အခြားသူများအား ချက်ချင်းဝေမျှခဲ့သည်။ လူအများတို့သည် ထိုအမျိုးသမီး၏ အကျင့်သိက္ခာ မည်သို့ပင် ဖြစ်နေစေကာမူ၊ သူမ၏ ဖိတ်ခေါ်ခြင်းကို လက်ခံကာ ယေရှုနှင့် တွေ့ဆုံရန် လာရောက်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ အတိတ်ဘဝ၌ ရှက်ကြောက်ဖွယ်ရာ အပြစ်များ ရှိနေပေလိမ့်မည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့အား ပြောင်းလဲစေပါသည်။ ကျွန်ုပ်တို့၏ ပြောင်းလဲမှုကို လူတို့သည် မြင်သောအခါ၌ လေ့လာစူးစမ်း လိုစိတ်ဖြစ်တတ်သည်။ ထိုအခွင့်အရေးများကို အသုံးပြုပြီး သူတို့အား ခရစ်တော်နှင့် မိတ်ဖွဲ့ပေးပါ။

Continue… »»


❮ Prev . . . အခန်းကြီး ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.