❮ Prev . . . အခန်းကြီး ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၎

၎း၅-၇ ဤရေတွင်းသည် ယာကုပ် (Jacob) ပိုင်ဆိုင်သော မြေပေါ်၌ ရှိခဲ့သည် (က ၃၃း၁၈-၁၉)။ ထိုရေတွင်းသည် စမ်းချောင်းရေ မဟုတ်ဘဲ စိမ့်စမ်းရေတွင်း ဖြစ်သည်။ ရေတွင်းသည် မြို့ပြင် လမ်းမအနီး ရှိသည်။ အမျိုးသမီးများသည် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေခပ်ဆင်းလေ့ ရှိကြသည်။ ဤရှမာရိ အမျိုးသမီးများသည်နေ့လည် အချိန်၌ ရေခပ်ဆင်း ရခြင်းမှာ သူ၏အကြောင်းကို သိသောလူတို့အား ရှောင်လို၍ ဖြစ်ပေလိမ့်မည်။ ယေရှုသည် ထိုအမျိုးသမီးအား ဝိညာဉ်ရေးရာ၌ ဆာငတ်ခြင်းကို ထာဝရဖြေဖျောက်စေမည့် သန့်ရှင်းလတ်ဆတ် သောရေနှင့် အလားသဏ္ဍာန် တူသော ထူးခြားသည့် သတင်းကိုပေးခဲ့သည်။

၎း၇-၉ ထိုအမျိုးသမီးသည်

(၁) ရှမာရိလူမျိုး၊ ဂျူးလူမျိုးများက မုန်းသောလူမျိုးစပ်
(၂) အပြစ်၌ကျင်လည်သောသူ
(၃) လူအများမြင်နိုင်သော နေရာ၌ ယေရှုနှင့် စကားပြောခဲ့သည်။

ရိုသေစရာကောင်းသော မည်သည့်ဂျူးလူမျိုးမဆို ထိုအခြေအနေမျိုး၌ ထိုအမျိုးသမီးနှင့် စကားပြောမည် မဟုတ်ပါ။ သို့သော် ထိုအမျိုးသမီးနှင့် ယေရှုစကားပြောခဲ့သည်။ အတိတ်မှ အပြစ်များရှိနေပါစေ၊ သတင်းကောင်းသည် လူတိုင်းအတွက် ဖြစ်သည်။ ကျွန်ုပ်တို့က ထိုသတင်း ကောင်းကို အချိန်မရွေး နေရာမရွေး ဝေမျှနိုင်ရန် အဆင်သင့် ဖြစ်ရမည်။ ယေရှုသည် သတင်းကောင်းကို ဖြန့်ဝေရန် အတားအဆီး အမျိုးမျိုးကို ဖြတ်ခဲ့သကဲ့သို့ သူ၏ နောက်တော်သို့လိုက်သော ကျွန်ုပ်တို့သည်လည်း ထိုအတိုင်းအတာအထိ လုပ်ဆောင်နိုင်ရမည်။

Continue… »»


❮ Prev . . . အခန်းကြီး ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.