❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၅

၅း၁၀ ဖာရိရှဲ (Pharisees) တို့၏ ပြောဆိုချက်အရ ဥပုသ်နေ့ (Sabbath) ၌ အိပ်ယာကို သယ်ဆောင်ခြင်းသည် အလုပ်ဖြစ်သောကြောင့် ဥပဒေကို ချိုးဖောက်ရာ ရောက်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဓမ္မဟောင်း၌ ဖော်ပြထားသော ဥပဒေကိုချိုးဖောက်ခြင်း မဟုတ်သော်လည်း ‘ဥပုသ်နေ့ကို သန့်ရှင်းစွာထားလော့’ ဟူသည့် ဘုရားသခင်၏ မိန့်မှာချက်ကို ချိုးဖောက်သည် ဟု ဖာရိရှဲတို့က အဓိပ္ပါယ်ဖွင့်သည် (ထွ ၂၀း၈)။ ဤဥပဒေသည် ဓမ္မဟောင်းကျမ်း၌ ဖော်ပြထားသော ဥပဒေများအပြင် ဖာရိရှဲတို့ကထပ်၍ ထည့်သော ဥပဒေများထဲက တစ်ခုပင်ဖြစ်သည်။

၅း၁၀ ဖာရိရှဲတို့သည် အနှစ် (၃၈) နှစ်တာ လမ်းမလျှောက် နိုင်သောသူအား ပြန်လည်ကျန်းမာ လာခြင်းထက် သူတို့၏ ဥပဒေသများအပေါ် ပို၍ အာရုံစိုက်ကြသည်။ ကျွန်ုပ်တို့သည် လူတို့ချမှတ်ထားသော ဥပဒေ စည်းကမ်းတို့ကို ပို၍ အာရုံစိုက်ပြီး မိမိအနား၌ ရှိသောလူတို့ကို သတိ မမူမိဘဲ ရှိတတ်ကြသည်။ သင်၏ အသက်တာ၌ ကျင့်သုံးနေသော ဥပဒေ စည်းကမ်းတို့သည် ဘုရားသခင် ချပေးသောအရာ (သို့) လူတို့မှ ချထားသော အရာများ ဖြစ်နေပါသလား။ ယင်းတို့သည် လူသားတို့အား ကူညီရန် ဖြစ်ပါသလား (သို့) လူသားတို့အတွက် အတားအဆီးများ ဖြစ်နေပါသလား။

Continue… »»


❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.