❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၅
၅း၁၄ ထိုသူသည် ခြေလက်သေနေရာမှ ရုတ်တရက် လမ်းလျှောက်နိုင်ခဲ့သည်။ ယင်းသည် ကြီးမားသော အံ့သြဖွယ် မဟုတ်ပါသလား။ သို့သော် ထိုသူသည် ပို၍ ကြီးမြတ်သော၊ အံ့သြဖွယ် လုပ်ဆောင်မှုဖြစ်သော သူ၏အပြစ်ကို လွှတ်ခြင်းလိုအပ်သည်။ ထိုသူသည် ကိုယ်ခန္ဓာ ကျန်းမာပြီးဖြစ်သောကြောင့် ဝမ်းမြောက်နေခဲ့ သော်လည်း သူ၏ ဝိညာဉ် ကျန်းမာရန်မှာ သူ၏အပြစ်များမှ ရှောင်ခွာလျက် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရှာဖွေ ရမည်ဖြစ်သည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းသည် သင်၏ အသက်တာ၌ မကြုံဖူးသော ကြီးမားသည့် လက်ဆောင်ဖြစ်သည်။ ဘုရားသခင်၏ ကြီးမားသော မေတ္တာဖြင့် ကမ်းလှမ်းသော ခွင့်လွှတ်ခြင်းကို လျစ်လျူ မပြုမိရန် မပစ်ပယ်မိရန်သတိပြုပါ။
၅း၁၆ ယုဒ (Judas) ခေါင်းဆောင်များသည် အံ့သြဖွယ် ကျန်းမာလာခြင်းနှင့် ဥပဒေ ချိုးဖောက်ခြင်းတို့ကို တစ်ပြိုင်နက် တွေ့ခဲ့သည်။ သူတို့သည် အံ့သြဖွယ် ကျန်းမာလာခြင်းကို လစ်လျူပြုပြီး ဥပဒေကို ချိုးဖောက်ခြင်းကိုသာ အာရုံပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေသည် သူတို့အတွက် ပို၍ အရေးကြီးခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာ၌ အလုပ်လုပ်ရန် ပြင်ဆင်နေသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင် လုပ်ဆောင်နိုင်မှုကို အတိုင်းအတာ တစ်ခုအထိသာ သတ်မှတ်ထားရှိသော အခါ၌ ကျွန်ုပ်တို့ အသက်တာ၌ အံ့သြဖွယ်ရာများသည် ပေါ်ပေါက်လာလိမ့်မည်မဟုတ်ပါ။
❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯