❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၅

၅း၁၇ အကယ်၍ ဘုရားသခင်သည် ဥပုသ်နေ့ (Sabbath) ၌ အလုပ်မလုပ်ခဲ့လျှင် ကမ္ဘာကြီးသည် ဖရိုဖရဲဖြစ်ပြီး အပြစ်တရား၏ လွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။ ကမ္ဘာဦးကျမ်း ၂း၃ ၌ ဘုရားသခင်သည် (၇) ရက်မြောက်သောနေ့၌ နားခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းမှာ ကောင်းသော လုပ်ငန်းများကို မလုပ်ရဟု မဆိုလိုပါ။ ယေရှုက သင်ကြားလိုသည်မှာ ကောင်းသောလုပ်ငန်းကို လုပ်ဆောင်ရန် အခွင့်အရေး ကြုံသောအခါ၌ ဥပုသ်နေ့တွင်ပင် လုပ်ဆောင်သင့်သည်။

၅း၁၇ ယေရှုသည် ခမည်းတော်ဘုရာ၏ လုပ်ဆောင်ချက်အတိုင်း သူ လုပ်ဆောင်ကြောင်း ဖော်ပြခဲ့သည်။ သူသည်ဘုရားသခင် ဖြစ်သည်ဟု ပြောဆိုခြင်းသည် သံသယဖြစ်ဖွယ် မရှိပါ။ ယေရှုက ကျွန်ုပ်တို့ကို ဘုရားသခင်အား ယုံကြည်စေပြီး ဘုရားရှင်၏ သားတော်ကို ပြစ်ပယ်ခွင့်မပြုပါ (၅း၂၃)။ ဖာရိရှဲ (Pharisees) တို့သည်လည်း ခမည်းတော်အား ဘုရားသခင်ဟု ခေါ်ဆိုပြီး ယေရှုက သူသည် ခမည်းတော်ဘုရားနှင့် ထူးခြားသော ဆက်သွယ်မှုရှိသည်ကို ပြောဆို နေကြောင်း ဖာရိရှဲတို့ သတိပြုမိသည်။ ထိုသို့ပြောကြား ချက်ကို ဖာရိရှဲတို့ တုန့်ပြန်ရန် (၂) လမ်းရှိသည်။ ယင်းမှာ

(၁) ထိုပြောကြားချက်ကို ယုံကြည်ရန် သို့မဟုတ်
(၂) ယေရှုအား ဘာသာတရားကို ထိပါးသော သူဟု စွပ်စွဲရန်ဖြစ်သည်။

ဖာရိရှဲတို့သည် ဒုတိယလမ်းကို ရွေးချယ်ခဲ့ကြသည်။

Continue… »»


❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.