❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၅
၅း၁၉-၂၃ ယေရှုသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ရှိသည် ဖြစ်သောကြောင့် ဘုရားသခင် အသက်ရှင် စေလိုသည့်အတိုင်း အသက်ရှင်ခဲ့သည်။ ကျွန်ုပ်တို့သည် နေ့စဉ် အသက်ရှင်ရာ၌ ယေရှုက အသက်ရှင် စေလိုသည့်အတိုင်း အသက်ရှင်ရန် ယေရှု၏ ဂုဏ်တော်ကို ပို၍ ထွန်းတောက်စေမည့် အသက်ရှင်မှုမျိုး ဖြစ်အောင် နေထိုင်ရမည်။ ဤအခြေအနေမျိုး၌ ယေရှုသည် မည်သို့လုပ်ဆောင်မည်။ ယေရှုသည် ကျွန်ုပ်တို့အား မည်သို့လုပ်ဆောင် စေလိုသည် စသော မေးခွန်းများသည် ကျွန်ုပ်တို့အား မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်အောင်ကူညီသည်။
၅း၂၄ ထာဝရ အသက်တာ၌ ကျွန်ုပ်တို့အား မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်အောင် ကူညီသည်။ ကယ်တင်ရှင်အဖြစ် လက်ခံသည့်နေ့မှ အစပြုသည်။ ထိုအချိန်မှစ၍ သင်၌အသစ်သော အသက်တာအစပြုသည် (၂ ကော ၅း၁၇) အသက်တာသစ်သို့ လုံးဝပြောင်းလဲခြင်း ဖြစ်သည်။ သင်သည် ကိုယ်ခန္ဓာ သေဆုံးခြင်းကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သော်လည်း ခရစ်တော် ပြန်လည်ကြွရောက် လာသောအခါ၌ သင်၏ခန္ဓာသည် ထာဝရအသက်ရှင်ရန် တစ်ဖန်ပြန်၍ ထမြောက်လိမ့်ဦးမည် (၁ ကော ၁၅)။
❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯