❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၅
၅း၃၁ ယေရှုက သူသည်
- ဘုရားသခင်နှင့် တန်းတူဖြစ်ကြောင်း (၅း၁၈)
- ထာဝရအသက်ကို ပေးနိုင်ကြောင်း (၅း၂၄)
- အသက်၏ အရင်းအမြစ်ဖြစ်ကြောင်း (၅း၂၆)
- အပြစ်တရားကို စီရင်မည်ဖြစ်ကြောင်း (၅း၂၇)
ပြောကြားခဲ့သည်။
အထက်ပါ ပြောကြားချက်များသည် အလွန်အံ့သြဖွယ် ကောင်းပြီး သူသည် ဘုရားဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြခြင်းလည်း ဖြစ်သည်။ ထိုပြောကြား ချက်များကို နှစ်ခြင်းဆရာ ယောဟန် (John the Baptist) ကလည်း သက်သေထူခဲ့သည်။
၅း၃၉-၄၀ ထိုဘာသာရေး ခေါင်းဆောင်များသည် ကျမ်းစာ၌ ဖော်ပြထားသော အရာများကို သိခဲ့သော်လည်း သူတို့၏ အသက်တာ၌ လက်တွေ့ အသုံးမပြုခဲ့ပေ။ ကျမ်းစာ၌ ဖော်ပြထားသော မေရှိယ (Messiah) ကိုလည်း မမြင်ခဲ့ပေ။ သူတို့သည် ဥပဒေကို သိသော်လည်း ကယ်တင်ရှင်ကို မသိခဲ့ပေ။ သူတို့သည် သူတို့၏ ဘာသာရေး ထုံးတမ်းစဉ်လာ တို့ဖြင့် ရစ်ထွေးနေပြီး ဘုရားသခင်၏ သားတော်က သူတို့၏ အသက်တာအား ပြောင်းလဲစေခြင်းကို ငြင်းပယ်ခဲ့သည်။ သင်သည် ဘာသာတရား၌ နစ်မြောနေပြီး ခရစ်တော်ကို မသိရှိလိုက်သောသူ မဖြစ်ပါစေနှင့်။
❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯