❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၂၆ ယေရှုက သူ၏နောက်သို့ ခဏတာ ကိုယ်ခန္ဓာ အကျိုးကို မျှော်ကိုး၍ လိုက်သော သူတို့အား ဝေဖန်ခဲ့ ကြသော်လည်း ဝိညာဉ်ဆာလောင်မှုကို ဖြည့်သိမ့်ရန် အတွက် လိုက်သော သူတို့အား မဝေဖန်ခဲ့ပါ။ လူများတို့သည် အဆင့်အတန်း သက်သာမှု၊ နိုင်ငံရေး အကျိုးအမြတ် ရရှိရန်အတွက် ဘာသာရေးကို လိုက်စားသည်။ ယင်းတို့သည် တကိုယ်ကောင်းဆန်သော ပြုမူချက် ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူတို့က ယေရှု၏ နောက်တော်သို့ လိုက်ခြင်းမှာ ယေရှုရင်၌သာ ထာဝရအသက်ရှင် စေမည့်နည်းလမ်းနှင့် အမှန်တရား အတွက်သာဖြစ်သည်။

၆း၂၈-၂၉ ဘုရားကို စစ်မှန်သော စိတ်ထားဖြင့် ရှာလေ့ရှိသော သူတို့သည် ဘုရားသခင်မှ သူတို့အား မည်ကဲ့သို့ ပြုလုပ်စေလိုသည်ကို အမြဲသိလိုသည်။ ဤကမ္ဘာပေါ်ရှိ ဘာသာပေါင်း မျိုးစုံတို့၏ အဖြေကို နည်းအမျိုးမျိုးဖြင့် ရှာဖွေခြင်းဖြစ်သည်။ သို့သော် ယေရှုသည် တိုတောင်းပြီး ရှင်းလင်းသည့်အဖြေကို ပေးခဲ့သည်။ ယင်းမှာ ဘုရားသခင်မှာ စေလွှတ်သောသူ ယေရှုအား ယုံကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ကျင့်ဆောင် လုပ်ကိုင် မှုများဖြင့် ဘုရားသခင်အား ကျေနပ်ခြင်းကို မဖြစ်စေဘဲ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကသာ ဘုရားသခင်အား နှစ်သိမ့်ခြင်းကို ဖြစ်စေသည်။ ပထမအဆင့် အနေဖြင့် ယေရှုအား ယုံကြည်ခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ ရှင်သန်မှုသည် ယေရှုအား သူပြောဆိုသည့်အတိုင်း ယုံကြည်ခြင်း၌ အခြေတည်သည်။ သင်သည် ယေရှု (Jesus) အား မေရှိယ (Messiah) ဖြစ်ကြောင်း၊ အသက်ရှင်သည့် ဘုရား၏ သားတော်ဖြစ်ကြောင်း ကြေငြာ (မ ၁၆း၁၆) ပြီး ဖန်ဆင်းရှင်အား ကျေနပ်စေမည့် ယုံကြည်ခြင်း အသက်တာ၌ အခြေတည်ပါ။

Continue… »»


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.