❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၆
၆း၄၇ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား အခြားသော ပရောဖက် (Prophet) များထက် ပို၍ မြင့်မြတ်ကြောင်း သက်သေပြရန် တောင်းဆိုခဲ့သည်။ မန္န (Manna) သည် မောရှေ (Moses) လက်ထက်က ဣသရေလ (Israel) လူများအား ပေးခဲ့သော မန္နမုန့်ကို ရည်ညွှန်းသည် (ထွ ၁၆)။ မန္နမုန့်သည် ခန္ဓာကိုယ်အတွက် တစ်နေ့တာ ခွန်အားကိုဖြစ်စေသည်။ မန္နမုန့်ကို နေ့စဉ် ကောက်ယူစားသောက် ရသော်လည်း ထိုမုန့်သည် သေခြင်းမှ မကာကွယ်နိုင်ခဲ့ပါ။ ယေရှုသည် ကောင်းကင်မှ ကျလာသော ဝိညာဉ် ရေးရာမုန့် ဖြစ်ပြီး ကျွန်ုပ်တို့၏ ဝိညာဉ် ဆာငတ်မှုကို ပြီးပြည့်စုံစွာ ပြေစေပြီး ထာဝရ အသက်ဆီသို့ လမ်းညွှန်ပေးသည်။
၆း၅၁ ယေရှုက သူ၏ ကိုယ်ခန္ဓာကို အဘယ်သို့ အားဖြင့် စားစရာမုန့် အဖြစ် ပေးပါသနည်း။ အသက်မုန့်ကို စားခြင်း၏ အဓိပ္ပါယ်မှာ ခရစ်တော်က ကျွန်ုပ်တို့အသက်တာ၌ လက်ခံပြီးသူနှင့် အတူတကွ ရှိခြင်းကို ဆိုလိုသည်။ ခရစ်တော်နှင့်အတူတကွ ရှိနိုင်သောနည်းလမ်း (၂) ခုမှာ
(၁) သူ၏သေခြင်း (သူ၏ ခန္ဓာကိုယ်အား ယဇ်ပူဇော်ခြင်း) နှင့် ရှင်ပြန် ထမြောက်ခြင်းကို ယုံကြည်ခြင်း
(၂) သူက ကျွန်ုပ်တို့အား အသက်ရှင် စေလိုသည့် အတိုင်း အသက်ရှင်ခြင်း၊ သူ၏ သင်ကြားညွှန်ပြမှု များအပေါ်၌ တည်မှီလျက် သန့်ရှင်းသော ဝိညာဉ်တော်မှ ပေးမည့် တန်ခိုး၌ ယုံကြည်စိတ်ချခြင်း
တို့ ဖြစ်သည်။
❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯