❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၈-၉ ထိုသူငယ်နှင့် တမန်တော်တို့ ကွာခြားပုံကို ရှင်းလင်းစွာ တွေ့နိုင်သည်။ ထိုသူငယ်သည် သူ၌ရှိသော အရာကို ယူဆောင်လာခဲ့သည်။ တမန်တော်တို့သည် ထိုသူငယ်ထက် ပို၍ ရှိမည်ဖြစ်သော်လည်း သူတို့၌ ရှိသောအရာသည် မလုံလောက်ကြောင်းကို သိသောအခါ၌ သူတို့၌ ရှိနေပြီးသောအရာ တစ်ခုကိုမျှ မပေးခဲ့ပေ။ သူငယ်သည် သူ၌ရှိသောအရာ အနည်းငယ်မျှပင် ဖြစ်သော်လည်း အားလုံးကိုပေးခဲ့သည်။ သင်သည် ဘုရားရှင်အား မည်သည့်အရာကိုမျှ မဆက်ကပ်လျှင် ဘုရားရှင်သည် သင်၌ရှိသော မည်သည့်အရာကိုမျှ အသုံးမပြုနိုင်။ သို့သော် ဘုရားရှင်သည် သင်၌ရှိသော သေးငယ်သည့် အရာကိုယူ၍ ကြီးမားသောအမှုကို ပြုနိုင်သည်။

၆း၈-၉ ယေရှုသည် နိမိတ်လက္ခဏာ ပြုတော်မူသော အခါတိုင်း၌ လူတို့အား သင်ခန်းစာ ဖော်ပြလေ့ရှိသည်။ ယေရှုသည် သူငယ်ပေးသော စားစရာ အနည်းငယ်မှ ခရစ်ဝင်ကျမ်းများ၌ ဖော်ပြထားသော အလွန် အံ့သြဖွယ် ကောင်းသည့် အမှုကို ပြုခဲ့သည်။ အသက်ငယ်ခြင်းသည် ဘုရားရှင်အတွက် အတားအဆီး မဟုတ်ပါ။ သင်သည် အမှုတော်ဆောင်ရန် အသက်ငယ်သည်၊ အသက်ကြီး သွားပြီဟု ဘယ်သောအခါမှ မတွေးပါနှင့်။

Continue… »»


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.