❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

နိဒါန်း Introduction

အမှာစကား

ကြီးမြတ်သော ဘုရားသခင်သည် ဤကမ္ဘာပေါ်သို့ အသွေးအသား ရှိသော သူအဖြစ် လူ့ဇာတိ ခံလာခဲ့သည်။ ထိုအခါ၌ သူသည် အချိန်၊ နေရာ၊ အသက်အရွယ် ကြီးရင့်ခြင်း၊ နာကျင်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေခြင်း စသည်တို့၏ ချုပ်ချယ်မှုတို့ကို ခံခဲ့ရသည်။ သူ၏ ကြီးမားသော မေတ္တာဖြင့် ပျောက်ဆုံးနေသော လောကသားများကို ထာဝရ အသက် ရရှိအောင် ကယ်တင်ခြင်း အမှုကို လုပ်ဆောင်ပေးခဲ့သည်။ သူသည် နှုတ်ကပတ်တော်၊ သူသည် ယေရှု၊ သူသည်ခရစ်တော် ဖြစ်သည်။

အထက်ပါ အမှန်တရားကို ရှင်ယောဟန်သည် ဤကျမ်း၌ ဖော်ပြထားခဲ့သည်။ ရှင်ယောဟန်သြဝါဒ စာစောင်သည် ခရစ်တော်၏ အသက်တာကိုသာ ဖော်ပြထားခြင်း မဟုတ်ပါ။ ဤကျမ်း၌ လူ့ဇာတိကို ခံယူသော ယေရှုသည် ကောင်းကင်မှ ကြွလာသော ဘုရားရှင်၏ သားတော်၊ ထာဝရအသက်ကို ရရှိစေနိုင်မည့် တစ်ခုတည်းသော အရင်းအမြစ်ဖြစ်ကြောင်းကို ဖော်ပြထားခဲ့သည်။

Continue… »»


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.