❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၃။ အခြားမင်္ဂလာများ

က။ သိက္ခာတင်မင်္ဂလာ
(၈) စီရင်ပုံ

သိက္ခာတင်မင်္ဂလာအတွက် စီရင်ရာတွင် ကြိုတင်ပြင်ဆင်မှု၊ သိက္ခာတင်ကောင်စီ ဖွဲ့စည်းဆောင်ရွက်မှုနှင့် သိက္ခာတင်မင်္ဂလာ ဝတ်ပြုခြင်းဟူ၍ အဆင့်သုံးဆင့်ထား၍ လုပ်ဆောင်ရမည် ဖြစ်ပါသည်။

(က) ကြိုတင်ပြင်ဆင်ခြင်း

(၁) အမှုတော်ဆောင်အား သိက္ခာတင်မင်္ဂလာ ပေးရန်ကိစ္စကို အသင်းတော် လူကြီးများ အချင်းချင်းသီးခြား၊ ကြိုတင်ဆွေးနွေးညှိနှိုင်းမှု ပြုသင့်ပါသည်။
 
(၂) ထိုသို့ဆွေးနွေးမှုပြု၍ သဘောထား တူညီမှုရရှိပါက အကယ်၍ အသင်းတော်က သဘောတူညီပါလျှင် လက်ခံရန် ဆန္ဒ ရှိ/မရှိ အမှုတော်ဆောင်နှင့် ကြိုတင်ညှိနှိုင်း သင့်ပါသည်။
 
(၃) အမှုတော်ဆောင် အနေဖြင့် လက်ခံရန် ဆန္ဒရှိပါက အသင်းတော် အမူဆောင်အဖွဲ့ အုပ်ချုပ်စီမံရေးအဖွဲ့၊ သင်းလုံးကျွတ် စည်းဝေးများသို့ အဆင့်ဆင့်တင်ပြလျက် သဘောတူကြောင်း ဆုံးဖြတ်ချက်ကို ရယူရမည်။
 
(၄) အမူတော်ဆောင် အနေဖြင့် လက်ခံရန် ဆန္ဒရှိပါက အသင်းတော် အမူဆောင် အဖွဲ့စည်းဝေးသို့ တင်ပြပြီး-

  • အမှုတော်ဆောင်သည် အသင်းတော်တွင် အသင်းသားစစ်/ တင်းပြည့် အသင်းသား မဟုတ်ပါက သက်ဆိုင်ရာ အသင်းတော်၏ သဘောတူ ခွင့်ပြုချက်ကို တောင်းခံရပါမည်။
  • အသင်းတော်တွင် အသင်းသားစစ်/တင်းပြည့် အသင်းသားဖြစ်ပါက အုပ်ချုပ်စီမံရေးအဖွဲ့ သင်းလုံးကျွတ် စည်းဝေးတို့ကို ထောက်ခံတင်ပြရန် ဆိုးဖြတ်ရပါမည်။

မှတ်ချက်။ ။အမှုတော်ဆောင်သည် အသင်းတော်တွင် အသင်းသားစစ် မဟုတ်ပါက သက်ဆိုင်ရာ အသင်းတော်၏ ခွင့်ပြုချက် ရရှိပြီးမှ (က-၄)/ ၁ ကို ဆောင်ရွက်ရမည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.