❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
သိက္ခာတင်မင်္ဂလာ၊ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်
(က) သိက္ခာတင် မင်္ဂလာသစ္စာ
ကျွန်ုပ်တို့၏ အမှုတော်ကို ဦး _______ ကယ်တင်ခြင်း နှုတ်ကပတ် တရားတော်ကို ဝိညာဉ်တော်ခံယူ၍ ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သော်စိတ်၊ အလွန်သည်းခံသော စိတ်တို့နှင့် သခင်ယေရှုခရစ်၏ သြဝါဒများကိုပေး၍ မှုတော်မြတ်ကို ဆောင်လော့။
ချစ်သော လုပ်ဖော်ဆောင်ဘက် ဦး _______ ဘုရားသခင်အတွက် ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုလော့။ သခင်ယေရှု၏ လမ်းကိုအဆုံးတိုင်အောင် ပြေးလော့။ ဝိညာဉ်တော်ဘုရား၌ ယုံကြည်ခြင်းတရားကို သေသည်တိုင်အောင် စောင့်ထိန်းလော့။ သို့ပြုလျှင် ယခုမှစ၍ ဓမ္မသရဖူသည် သင်အဖို့ သိုထားလျက်ရှိပြီ။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူဘုရားထံမှ ကြွယ်ဝသော ကောင်းချီးမင်္ဂလာ အပေါင်းသည်၊ ဤဓမ္မစ္စာကို ခံယူသော သင်တို့အပေါ်သို့ သက်ရောက် ပါစေသော်။ အာမင်။