❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
(ခ) အသင်းတော်အားသစ္စာပေးခြင်း
(၉) မှတ်ချက်
(က) စီရင်သူ
နှစ်ခြင်းအသင်းတော်တို့၏ အခြေခံ ယုံကြည်ချက်အရ ဒေသန္တရ အသင်းတော်၌ စီရင်ခွင့်ရှိပါသည်။ သို့ရာတွင် အချို့ နယ်/ အဖွဲ့ချုပ်တို့အနေနှင့် စုစည်းတာဝန် ယူလျက် ရှိသည်ကို သိမှတ်ရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ဒေသန္တရ အသင်းတော်၏ လွတ်လပ်ခွင့်နှင့် စီရင်ခွင့်ကို မှားသောစနစ်ဟု မခံယူဘဲ၊ လေးစားလျက် သိမှတ်ပြုရန် လိုအပ်ပါသည်။
(ခ) ခံယူခွင့်ရှိသူ
သိက္ခာတင်မင်္ဂလာ ခံယူသူသည် အသင်းသားစစ် ဖြစ်ရမည်ဟု ခံယူကျင့်သုံးသော အသင်းတော်များရှိသကဲ့သို့ အမှုတော်ဆောင်သည် မိမိအသင်းတော်တွင် အသင်းသားစစ် ဖြစ်ရမည်ဟု သတ်မှတ်ခြင်းမရှိသော အသင်းတော်များရှိကြောင်း သိမှတ်ရပါမည်။
အခြား သတ်မှတ်ခြင်းများနှင့်ဆိုင်၍ သက်ဆိုင်ရာ နယ်အဖွဲ့ချုပ်တို့၏ သီးခြားပြဌာန်းခြင်းတို့နှင့် ကိုက်ညီမှုရှိအောင် ကျင့်ဆောင်သင့်ပါသည်။ (ဥပမာ- အသက်အရွယ် ဓမ္မပညာအခြေခံ အမှုတော်ဆောင်သက်၊ အိမ်ထောင်ရေး အခြေအနေ စသည်ဖြင့်-)
သိက္ခာတင်မင်္ဂလာ ခံယူမည့် အမှုတော်ဆောင်၏ အရည်အချင်း အကျင့်စာရိတ္တ၊ ဝိညာဉ်ပါရမီ စသည်တို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ အသင်းတော်/ သာသနာအဖွဲ့တို့က ကြိုတင်စိစစ်မှု ပြရပါမည်။ သိက္ခာတင်ကောင်စီက စိစစ်မူပြုရန် တာဝန်မပေးသင့်ပါ။