❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၎။ ထိမ်းမြားမင်္ဂလာ

(၄) ထိမ်းမြားခွင့်ရှိသူ

ထိမ်းမြားခွင့်ရှိသူ လက်ထပ်ခြင်းပြုနိုင်သူတို့သည် တရားဥပဒေ အရ သတ်မှတ်ချက်နှင့် ညီညွတ်မှု ရှိရပေမည်။ အချုပ်အားဖြင့် ထိမ်းမြားမှုပြုလိုသူသည် အောက်ပါ အချက်တို့နှင့် ပြည့်စုံရပေမည်။

(က) အသက်အရွယ်အားဖြင့် အနည်းဆုံး ကျား(၁၈)နှစ် မ(၁၆)နှစ် ရှိရပါမည်။
(ခ) ကိုယ်ကာယ အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း ကျမ်းမာသန်စွမ်းရမည်။
(ဂ) မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။
(ဃ) အပျို၊ လူပျိုဖြစ်ရမည်။ သို့မဟုတ် သက်ရှိထင်ရှား ဇနီး/ခင်ပွန်း မရှိသူဖြစ်ရမည်။
(င) လက်နက်ကိုင် တပ်ဖွဲ့ဝင်ဖြစ်ပါက သက်ဆိုင်ရာ လက်ထပ်ရန် ခွင့်ပြုမိန့်စာရှိရန် လိုအပ်ပါသည်။

(၅) စီရင်သည့်နေရာ

ခရစ်ယာန် လက်ထပ်ခြင်းတွင် လက်ထပ်သည့် နေရာသည် တရားရုံးတွင်ဖြစ်စေ၊ အိမ်၌ဖြစ်စေ၊ မဏ္ဍပ်မှာဖြစ်စေ၊ ဟိုတယ်မှာဖြစ်စေ လက်ထပ်ခြင်းသည် တရားမဝင်သောကြောင့် ဥပဒေပုဒ်မ (၁၀)အရ၊ သာသနိက အဆောက်အဦး၊ သာသနာဝင်း၊ သာသနာခြံတွင်ရှိ အဆောက်အဦးများ၌သာ လက်ထပ်နိုင်သည်။

တရားဝင် လက်ထပ်ထိမ်းမြားခြင်း ဝတ်ပြုရာနေရာသည် ဘာသာရေးအတွက် ဆက်ကပ်ထားသော အဆောက်အဦး ဖြစ်ရပါမည်။ ယင်းတို့မှာ-

(က) ဗိမာန်တော်
(ခ) အသင်းတော်ခန်းမဆောင်
(ဂ) သင်းအုပ်နေရာအိမ်တို့ ဖြစ်ပါသည်

(၆) စီရင်ချိန်ကာလ

တရားဥပေဒအရ (ပုဒ်မ-၁၀) လက်ထပ်ထိမ်းမြားခြင်း ဝတ်ပြုခွင့်ရှိသော အချိန်မှာ နံနက် (၆) နာရီမှ ညနေ (၇) နာရီအတွင်းသာ ဖြစ်ရပါမည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.