❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၎။ ထိမ်းမြားမင်္ဂလာ
(၇) စီရင်ပုံ
သတို့သား – ဤလက်စွပ်ကို သက်သေပြု၍ ပေးသကဲ့သို့ သင်ပေးသော လက်စွပ်ကို သက်သေအဖြစ် လက်ခံပါ၏။
သတို့သမီး – သင်ပေးသော လက်စွပ်ကို သက်သေအဖြစ် လက်ခံသကဲ့သို့ ဤလက်စွပ်ကို သက်သေပြု၍ ပေးပါ၏။
(လက်ျာလက်ချင်းထပ်စေ၍ ထိမ်းမြားလက်ထပ်ပေးသောစကား)
ဆရာ။ ။ ဘုရားသခင်၏ ရှေ့တော်တွင် လည်းကောင်း ဤပရိသတ်၏ ရှေ့မှောက်တွင် လည်းကောင်း မောင် _______ နှင့် မ _______ တို့သည် ကတိသစ္စာပြုခဲ့ ကြပြီး ဖြစ်သည့်အတိုင်း ယခုအချိန်မှစ၍ တရားဝင် ဇနီးခင်ပွန်း အဖြစ်သို့ မြောက်စေခြင်းငှာ ကျွန်ုပ်သည် ဘုရားသခင်၏ ဓမ္မဝန်ဆောင် တစ်ဦးအနေနှင့် လည်းကောင်း၊ နိုင်ငံတော်အစိုးရ အပ်နှင်းသော အခွင့်အာဏာ အားဖြင့်လည်းကောင်း၊ ခမည်းတော်၊ သားတော် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ တည်းသော ဘုရားရှင်၏ နာမတော်၌ ထိမ်းမြားလက်ထပ် ပေးပါ၏။ ဘုရားသခင် စုံဖက်တော်မူသော အရာကို လူတို့ မခွဲမခွာစေနှင့်။
ဆရာ။ ။ အိမ်ထောင်သစ်အတွက် ဆုတောင်းခြင်း (ကောင်းချီး) ပေးခြင်း၊ လက်မှတ် ရေးထိုးခြင်း) စန္ဒယားတီးစဉ် ဇနီးမောင်နှံအဖွဲ့ ဗိမာန်တော်မှ ပြန်လည် ထွက်ခွာခြင်း။