❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၎။ ထိမ်းမြားမင်္ဂလာ

(၈) မှတ်ချက်
(က) စီရင်သူ

နှစ်ခြင်းအသင်းချုပ် ဓမ္မဆရာ အသင်းကြီး၏ ဆုံးဖြတ်ချက်ဖြင့် သိက္ခာတော်ရ ဓမ္မအမှုတော်ဆောင်တို့အား ခရစ်ယာန်ချင်း ထိမ်းမြားပေးခြင်းကို သိမှတ်ခွင့်ပြုထားသည်အတိုင်း အများလက်ခံ ကျင့်သုံးလျက်ရှိပါသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရ တရားရေးဌာန၏ ခွင့်ပြုချက်လိုင်စင် ရယူသင့်ပါသည်။

နိုင်ငံရပ်ခြား တိုင်းတပါး ဘာသာခွဲများနှင့် လက်ထပ်မည် ဆိုပါကလည်း၊ ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများ၏ ဓလေ့ထုံးစံများကို သေချာစွာ လေ့လာပြီး၊ လူပျိုလူလွတ် ဟုတ်/မဟုတ် လိုအပ်သော ထောက်ခံချက်ကို ရယူပြီးမှ လည်းကောင်း၊ သက်ဆိုင်ရာ မိဘ၏ ထောက်ခံချက်နှင့် သက်ဆိုင်ရာ သံရုံးမှ ထောက်ခံချက်ကို လည်းကောင်းရယူပြီး အထောက်အထား ခိုင်လုံမှသာလျှင် လက်ထပ် ပေးသင့်ပါသည်။

(ခ) ထိမ်းမြားပေးခွင့်ရှိသူ

အခြား လိုအပ်ချက်များနှင့် ပြည့်စုံ၍ တရားဝင် ထိမ်းမြားခွင့် ရှိသူများ ဖြစ်လင့်ကစား သတို့သမီး (သို့မဟုတ်) သတို့သားသည် အခြား အသင်းတော်မှ ဖြစ်လျှင် အသင်းတော်ချင်း၊ ဓမ္မအမှုတော်ဆောင်ချင်း အပြန်အလှန် လေးစားသော အားဖြင့် သက်ဆိုင်ရာ အသင်းတော် သင်းအုပ်တို့၏ ခွင့်ပြုချက် ထောက်ခံမှုကို ရယူသင့်ပါသည်။ လိုအပ်ပါက ပူးတွဲ ထိမ်းမြားဆောင်နှင်း ပေးသင့်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.