« Prev အမှာစာ အခန်းကြီး ၂ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians

အခန်းကြီး ၂

၂း၁၄-၁၆ ညှဉ်းဆဲခြင်းကို ခံရသော သက်သာလောနိတ် အသင်းသားများအား ယုဒ (Jude) လူမျိုးများကြောင့် စိတ်မပျက်ရန် ယုဒလူမျိုး၏ သဘောသဘာဝကို ဖေါ်ပြ၏။ ယူဒလူမျိုးများသည် မိမိတို့လူမျိုးများ ခရစ်တော်ကို လက်ခံလျှင် လက်ခံသူများကို ညှဉ်းပမ်း၏။ မိမိတို့လူမျိုးများ မဟုတ်သော တပါးအမျိုးသားများ ခရစ်တော်ကို လက်ခံလျှင်လည်း ဒုက္ခပေးကြ၏။ သခင်ယေရှု ကိုသော်လည်းကောင်း၊ ပရောဖက်များ ကိုသော်လည်းကောင်း၊ တမန်တော်များ ကိုသော်လည်းကောင်း ညှဉ်းဆဲကြ၏။ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်သည်ချည်းဖြစ်၏။ မိမိတို့လက်မခံ သည်သာမက တပါးအမျိုးသားတို့ လက်မခံကြရန် လိုက်လံတားဆီး သောကြောင့် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ် အကုန်အစင် ရောက်ကြောင်းကို ယုဒလူမျိုးတို့ မသိရှာပေ။

မိမိတို့သာလျှင် လူမျိုးကြီးအုပ်ချုပ်သူ လူတန်းစားတွင် နေရာယူရမည့် သူများအဖြစ် မိမိကိုယ်ကို ထင်မှတ်ကြကာ၊ ယုဒလူမျိုးများ ခရစ်ယာန် ဖြစ်လာသောအခါ၊ တပါးအမျိုးသားများ ခရစ်ယာန် ဖြစ်လာသောအခါ၊ ခရစ်ရစ်ယာန် လူဦးရေ တိုးပွားလာပြီး နိုင်ငံရေးလောကတွင် ၎င်းတို့ကို လွှမ်းမိုး အနိုင်ယူသွားမည်ကို ယုဒလူများ အလွန်စိုးရိမ်သည်။

ခရစ်ယာန်တရားသည် လောကနိုင်ငံရေး တရားနှင့် မသက်ဆိုင်။ မိမိ၏ ပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထာသော လူသားမျာ၏ မြေကြီးခန္ဓာသည် မြေကြီးသို့ ပြန်သွားသောအခါ မသေမပျောက်နိုင်သော ဘုရားပေး ဝိညာဉ်များသည် ဘုရားသခင် ပြင်ဆင်ထားသော ကောင်းကင်ဘုံသို့ ထာဝရအသက်ကို ရယူကာ၊ ခမည်းတော် ဘုရားနှင့်အတူ ပြန်လည် မိဿဟာရ ဖွဲ့နိုင်ရန် ဘုရား၏ သားတော် သမီးတော်များကို ပြန်လည်စုသိမ်းသော တရားပင်ဖြစ်သည်။

Continue… » »


« Prev အမှာစာ အခန်းကြီး ၂ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.