« Prev အမှာစာ ၁ ၂ အခန်းကြီး ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၃
၃း၁-၅ ရှင်ပေါလုသည် သက်သာလောနိတ်မြို့သို့ ပြန်ရန် အခြေအနေ မရှိသောကြောင့် အေသင်မြို့ (Athens) တွင် တစ်ယောက်တည်း နေရစ်ကာ၊ တိမောသေ (Timothy) ကို ပြန်လွှတ်သည်။ တမန်တော် ၁၇း၁-၉ ၌ ပေါလုတို့ကို၎င်း၊ ယုံကြည်သူများကို၎င်း၊ ယုဒလူတို့သည် လူဆိုးတို့ကို ခေါ်လျက် အုတ်အုတ်သဲသဲ ပြုကြသည် ယာသုန် (Jason) ၏ အိမ်သို့ဝင်ပြီး ပေါလုတို့ကို ညဉ်းဆဲရန် ရှာဖွေရာ၌ ပေါလုတို့ကို မတွေ့၍ ယာသုန်အား ဘမ်းဆီးကာ မင်းအရာရှိထံ ပို့ဆောင်ကြပြီး၊ ယေရှုဟူသော ဘုရင်တစ်ပါး ရှိသည်ဟု ဤသူတို့ ပြောဆိုကြခြင်းသည် လက်ရှိ ရှင်ဘုရင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု တိုင်တမ်းကြွေးကြော်ကြ၏။ ထို့ကြောင့် ညအချိန်တွင် ပေါလု (Paul) နှင့် သိလ (Silas) တို့ကို ဗေရိမြို့ (Berea) သို့ ချက်ချင်းလွှတ်လိုက်ရ၏။ ဗေရိမြို့သို့ ရောက်သောအခါ လူအပေါင်းတို့ကို တိုက်တွန်းနှိုးဆောင် ပြန်သဖြင့် ဗေရိမြို့သားတို့ သက်သာလောနိတ်မြို့ သားတို့ထက် ထူးကဲစွာပင် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို လက်ခံကြ၏။ ထိုအကြောင်းကို ကြားသော သက်သာလောနိတ်မြို့ ရှိ ယုဒလူတို့သည် ဗေရိမြို့တိုင်လာပြီး ပေါလုတို့အား လက်မခံရန် လှုပ်ရှားကြိုးစားပြန်၏။ ထို့ကြောင့် ပေါလုသည် ပင်လယ်လမ်းဖြင့် အေသင်မြို့သို့ ရှောင်ရှားထွက်သွား ရပြန်၏။ အေသင်မြို့တွင် ရှင်ပေါလု စောင့်နေလျက် သက်သာလောနိတ်မြို့သို့ မိမိရေးသောစာကို တိမောသေအား ပို့စေခြင်းဖြစ်သည်။
စာထဲတွင် မိမိတို့ခံရသော ဒုက္ခအကြောင်းကို ကြားရလျှင်၊ မည်သို့မျှ စိုးရိမ်ခြင်း မရှိကြရန်၊ ဒုက္ခခံရမည်ကို မိမိတို့ မူလကပင် သိရှိ၍ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း မမေ့ရန်၊ အခက်အခဲနှင့် ရင်ဆိုင်ရလျှင်လည်း ယုံကြည်ခြင်း၌ အားမလျော့ရန် တိုက်တွန်းလိုက်၏။