« Prev အမှာစာ ၁ ၂ ၃ အခန်းကြီး ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၎
သမ္မာကျမ်းစာဖေါ်ပြချက်အရ
(၁)ယေရှုခရစ်တော်သည် မျက်မြင်ထင်ရှားစွာ ပြန်လာမည်။
(၂)ကောင်းကင်တမန်မင်း၏ အသံပေးခြင်းကို ကြားရမည်။
(၃)တံပိုးတော် မှုတ်ခြင်းကို ကြားရမည်။
(၄)ခရစ်တော်ကို ယုံကြည်လျက် သေလွန်သူများ ရှင်ပြန်ထမြောက်မည်။ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းခံရမည်။
(၅)ခရစ်တော်ကို ယုံကြည်လျက် မသေလွန်သေးသော သူများလည်း ခရစ်တော်နှင့် တွေ့ဆုံရကာ မိုးတိမ်တိုက်ပေါ်သို့ ချီဆောင်ခြင်းခံရမည်။
ယေရှုခရစ်တော်ကို ယုံကြည်သူများ အားလုံး ရရှိမည့် ထာဝရ အသက်တည်းဟူသော အကျိုးအမြတ်သည် မည်မျှကြီးမားပါသနည်။ ဤသည်ကို မရှုစိမ့်သော စာတန်မာရ်နတ် (Satan the Devil) သည် လောကကြီး တစ်ခုလုံးသို့ လှည့်လည်လျက် ခရစ်တော်ကို လူအပေါင်းတို့ အသိအမှတ် မပြုနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် လူမျိုးအပေါင်းတို့၏ ယုံကြည်ခြင်းကို မရေမရာဖြစ်စေ၏။ အနုနည်းဖြင့်သုံး၍ မရလျှင် အကြမ်းနည်း ကိုလည်း သုံး၏။ ထို့ကြောင့် သမိုင်းကြောင်း တလျှောက်ကို ပြန်လည်လေ့လာလျှင်၊ ခရစ်တော်ကို ယုံကြည်သော ခရစ်ယာန် ဘာသာဝင်များသာ အများဆုံး ရက်စက်စွာညဉ်းပမ်းခြင်း ခံရ၏။ မီးလောင်တိုက် ထဲသွင်း၍ အသတ်ခံရခြင်း၊ အစုလိုက်အပြုံလိုက် ခြင်္သေ့စာ ကျွေးခံရခြင်း၊ ကားစင်တင် အသတ်ခံရခြင်း၊ နေပူလှန်း၍ အစာငတ် ရေစာပြတ်တောက်ခြင်း ခံစေကာ၊ သတ်ဖြတ်ခံရခြင်း၊ လျှင်စစ်နှင့်တို့၍ ညှင်းဆဲ သတ်ဖြတ်ခံရခြင်း၊ အစာငတ်သော ကြွက်များရှိသည့် လှောင်အိမ်တွင် ခရစ်ယာန် သာသနာပြုများ၏ ဦးခေါင်းကို စွပ်ကာ၊ မျက်စိ၊ နှာခေါင်း မျက်နှာများကို ကြွက်များအားကိုက်စေခြင်းဖြင့် ရက်ပေါင်းကြာရှည် လာသောအခါ သေစေခြင်းအပြင် လောကတွင် ရှိသမျှ ရက်စက်နည်း အားလုံးဖြင့် ခရစ်ယာန်များ နှိပ်စက်ခံနေရသည်မှာ ယနေ့ထက်တိုင်ဖြစ်၏။
ယေရှုခရစ်တော်ကြောင့် နှိပ်စက်သတ်ဖြတ်ခြင်း ခံရပြီးသောသူတို့၏ အကြောင်းအရာနှင့် ဆက်လက်၍ နှိပ်စက်ခံရဦးမည့် သူတို့၏ အကြောင်းအရာကို သမ္မာကျမ်းစာတွင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင် ခန့်ကပင် ဘုရားသခင်သည် ရှင်ယောဟန် (John) အားဖြင့် ဤသို့ ဗျာဒိတ် (Revelation) ပေးခဲ့ပြီးဖြစ်သည်။