« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ထာဝရဘုရားနှင့်ပတ်သက်၍ ဆာလံကျမ်း၌ဖော်ပြချက်
ဆာလံကျမ်း အများစုမှာ ထာဝရ ဘုရားထံသို့ တိုင်တည် ဆုတောင်းသော ကျမ်း ထာဝရဘုရားနှင့် ပတ်သက်၍ ပြောဆိုသော ကျမ်များဖြစ်သည်။ ဆာလံကျမ်းများကို အခြေအနေ အမျိုးမျိုး၌ ရေးသားထားသောကြောင့် ထာဝရဘုရား၏ အသွင်သဏ္ဍာန်တော်ကို အမြင်အမျိုးမျိုးဖြင့် တွေ့ရမည်။ ဆာလံဆရာတို့ ရှုမြင်သည့် ထာဝရဘုရား၏ ဂုဏ်တော် အမျိုးမျိုးကို အောက်တွင် ဖော်ပြထားသည်။ ၎င်းတို့ကို သင်ဖတ်ရှုသောအခါ ထိုကဲ့သို့ ဂုဏ်တော်ရှိသော ထာဝရဘုရားအား ကိုးကွယ်နေသူ ဖြစ်ကြောင်း သင် သိရှိပါသလား။
| ထာဝရဘုရားသည် | ဆာလံကျမ်း |
|---|---|
| အရာရာတိုင်းကိုသိ၍ ထာဝရတည်ရှိတော်မူသောဘုရား | ၁၃၉ |
| လှပတင့်တယ် နှစ်လိုဖွယ်သောဘုရား | ၂၇၊ ၃၆၊ ၄၅ |
| ဖန်ဆင်းရှင် | ၈၊ ၁၀၄၊ ၁၄၈ |
| ကောင်းမြတ်၍ ဂရုဏာနှင့် ပြည့်ဝတော်မူသောအရှင် | ၃၄၊ ၈၁၊ ၁၀၇ |
| ကြီးမြတ်၍ စိုးပိုင်သောအရှင် | ၃၃၊ ၈၉၊ ၉၆ |
| သန့်ရှင်းတော်မူသောဘုရား | ၆၆၊ ၉၉၊ ၁၄၅ |
| ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝ၍ သစ္စာရှိသောဘုရား | ၂၃၊ ၄၂၊ ၅၁ |
| သနားကြင်နာ အပြစ်လွှတ်သောဘုရား | ၃၂၊ ၁၁၁၊ ၁၃၀ |
| တန်ခိုးတော် အနန္တနှင့် ပြည့်ဝသောဘုရား | ၇၆၊ ၈၉၊ ၉၃ |
| သူ၏ အကြံအစည် ပညတ်တော်တို့နှင့် လမ်ညွှန်မှုကို ဖော်ပြလိုသောဘုရား | ၁၊ ၂၉၊ ၁၁၉ |
| ဖြောင့်မတ်၍ တရားမျှတသောဘုရား | ၇၁၊ ၉၇၊ ၁၁၃ |
| ဝိညာဉ်ဘုရားဖြစ်သည် | ၁၀၄၊ ၁၃၉၊ ၁၄၃ |
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
