« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်းရှိ အပြစ်ဝန်ချခြင်း၊ နောင်တရခြင်း၊ အပြစ်လွှတ်ခြင်း
ရှေးအခါကပင် ယုံကြည်သူ များစွာတို့သည် အပြစ်တရားကို အောင်မြင်နိုင်ဖို့ မျှော်လင့်လေ့ရှိသည်။ ဆာလံဆရာသည် ကြေကွဲခြင်း၊ နောင်တရခြင်းတို့ကို ဘုရားရှင်ထံ တင်ပြသကဲ့သို့ အပြစ်လွှတ်ခြင်း ခံရ၍ ဖြစ်ပေါ်လာသော ဝမ်းမြောက်မှုကိုလည်း ဘုရားရှင်နှင့် ဝေမျှလေ့ရှိသည်။ သူတို့၏ ဝန်ခံခြင်း၊ နောင်တရခြင်းများ အားလုံးကို ဘုရားရှင်မှ လုံးဝခွင့်လွှတ်သည်ဟု သိရှိရသောအခါ ရွှင်လန်းလေ့ရှိကြသည်။ ခရစ်တော်မှ ကားတိုင်တော်အားဖြင့် ရွေးကောက်ခံရပြီးဖြစ်သော ကျွန်ုပ်တို့သည် ရှေးယုံကြည်သူတို့ ထက်ပင် ပို၍ ဝမ်းမြောက်ရွှင်လန်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏ ခွင့်လွှတ်ခြင်းကို ပို၍ နားလည်သောကြောင့် ဖြစ်သည်။ ဘုရားရှင်သည် လူသားတိုင်းအား ခွင့်လွှတ်လိုသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော် ကားတိုင်ပေါ်၌ အသေခံတော်မူ ခဲ့ခြင်းအားဖြင့် ဘုရားရှင်၏ အပြစ်အပေါ် စီရင်မှုကို ပြည့်စုံကျေနပ် စေခဲ့သောကြောင့်ဖြစ်သည်။
ဆာလံကျမ်းကို ဖတ်ရှုသောအခါတွင် ဘုရားရှင်၏ တုန့်ပြန်မှုကို ရရှိပြီးနောက်ပိုင်း အောက်ပါအတိုင်း ဆာလံဆရာတို့၏ ပြောင်းလဲမှုများကို သတိပြုနိုင်သည်။
၁။ သူတို့၏ အပြစ်များကို ဘုရားရှင်ထံ ဝန်ချတောင်းပန်သည်။
၂။ အပြစ်သည် ဘုရားရှင်အား မနာခံခြင်းဖြစ်ကြောင်း သိလာသည်။
၃။ သူတို့၏ အပြစ်များကို ဘုရားရှင်ထံ ဝန်ချတောင်းပန်သည်။
၎။ ဘုရားရှင်၏ အပြစ်လွှတ်လိုသော ဆန္ဒကို ယုံကြည်ကိုးစားသည်။
၅။ ဘုရားရှင်၏ ခွင့်လွှတ်ခြင်းကို လက်ခံသည်။
ဤကျမ်းကို ဖတ်ရသောအခါ၌ သင်သည်ဘုရားရှင်မှ ဖယ်ခွာလျက် အပြစ်တရား၌ ကျင်လည်ရန် အလွန်ပင် လွယ်ကူကြောင်း သတိပြုနိုင်မည်။
အခြေပြုကျမ်း – ဆာလံ ၆၊ ၁၄၊ ၃၁-၃၂၊ ၃၈၊ ၄၁၊ ၅၁၊ ၁၀၂၊ ၁၄၂
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »