« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်းရှိ အခက်အခဲများနှင့် ညည်းညူသံများ
ကျွန်ုပ်တို့သည် ဆာလံကျမ်းနှင့် နီးစပ်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆာလံကျမ်းသည် ကျွန်ုပ်တို့၏ ခံစာချက်များကို ဖော်ပြထားသောကြောင့်ဖြစ်သည်။ ဆာလံဆရာကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ပြဿနာများနှင့် ကြုံတွေ့လေ့ရှိပြီး သူတို့ကဲ့သို့ပင် တုန့်ပြန်လေ့ရှိသည်။ ဆာလံ ၃ တွင် ဒါဝိဒ်က သူ့အား ဆန့်ကျင်လုပ်ဆောင်မှုများအတွက် ခံစားချက်များကို ဘုရားရှင်အား ပြောပြခဲ့သည်။ သို့သော် ၃း၃ ရောက်သောအခါ၌ မကောင်းမှုတို့သည် ဘုရားရှင်၏ တည်ရှိခြင်း၊ ဘုရားရှင်၏ ကွယ်ကာမှုတွင် ရှိခြင်းတို့၏ အောက်၌ အဓိပ္ပါယ်မဲ့ ဖြစ်ရသည်။ ထိုအတွေ့အကြုံကို ဆာလံကျမ်းများတွင် ထပ်ခါတလဲလဲ တွေ့ရသည်။ ဘုရားရှင်၌ မျှော်လင့်ခြင်း၊ စိတ်ချခြင်းသည် ကြောက်ရွံ့ စိုးရိမ်ခံစား ရမှုများကို ကျေပျက်စေသည်။ သို့သော် အခါအား လျော်စွာ၌ပင် ထိုကဲ့သို့ မဖြစ်ပေါ် ခဲ့ခြင်းများလည်း ရှိသည်။ မည်သို့ပင် ဖြစ်စေကာမူ ဆာလံဆရာတို့သည် သူတို့၏ စဉ်းစားမှုများ၊ ခံစားမှုများကို ဘုရားရှင်အား အလုံးစုံ ဖော်ပြလေ့ရှိသည်။ သူတို့သည် ဘုရားရှင်၏ စွန့်ပယ်ခြင်း ခံစားရမှုများကိုပင်လျှင် ဘုရားရှင်အား ပြောကြားခဲ့သည်။ သူတို့အား ဘုရားရှင် နှေးကွေးစွာ အဖြေပေးသည်ဟုလည်း ခံစားရသည်။ လူနှင့်ဘုရားရှင်၏ ကွာခြားမှုကို သိသောကြောင့် သူတို့သည် လူကဲ့သို့ လွတ်လပ်စွာ အသက်ရှင်ပြီး ဖန်ဆင်းရှင်အား ဆက်သွယ်ရာ၌ ရိုးသားပွင့်လင်းကြသည်။ ထို့ကြောင့် အမှောင်ထု ဖုံးလွှမ်းနေသော ဆာလံကျမ်း အများစုကို ဖော်ပြခြင်းဖြင့် အစပြုပြီး သူတို့ တိုင်တည်သော အရှင်အား သတိရခြင်းဖြင့် အဆုံးသတ်သည်။
ဆာလံဆရာများကဲ့သို့ ကျွန်ုပ်တို့သည် တွေ့ကြုံခံစား ရစေကာမူ သူတို့နှင့် ကွာခြားချက် နှစ်မျိုးရှိနိုင်သည်။
(၁) ကျွန်ုပ်တို့ အမှန်တကယ် ခံစားနေသော အရာများကို ဘုရားရှင်အား ပြောမပြခြင်းနှင့်
(၂) ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို နားညောင်းသူအား သတိမပြုမိခြင်း တို့ဖြစ်သည်။
အထက်ပါ အချက်နှစ်ရပ်အားဖြင့် ဆာလံကျမ်းကို ဖတ်ရှုသောအခါ မိမိကိုယ်မိမိ သတိပြုဆန်းစစ်ပါ။ သင်သည် ဘုရားရှင်အား အသိအမှတ်ပြု၍ ကိုးစားတတ်လာမည်။ ဘုရားရှင်နှင့် သင်၏ဆက်ဆံမှု ရိုးသားပွင့်လင်းမှု ရှိလေလေ သင်၏ဘဝတိုးတက်လေလေ ဖြစ်မည်သာတည်း။
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »