၁၅း သခင်ဘုရား၌ယုံကြည်ကိုးစားလော့
သခင်ဘုရားကို ကြောက်ရွံ့ရိုသေသော သူတို့၊ လမ်းလွဲ၍ မလဲကျစိမ့်ငှာ၊ ကိုယ်တော်၏ သနားခြင်း ကရုဏာတော်ကို မျှော်လင့်တောင့်တ ကြကုန်။
 
သခင်ဘုရားကို ကြောက်ရွံ့သောသူတို့၊ ခွန်အား ရှိသ၍ သခင်ဘုရား၌ ယုံကြည်ကိုးစား ကြလော့။ ထူးမြတ်သော ဆုကျေးဇူးသည်၊ သင်နှင့်မလွဲရပေ။
 
သခင်ဘုရားကို ကြောက်ရွံ့ ရိုသေသောသူတို့၊ မွန်မြတ်သော ဆုကျေးဇူးတော်၊ ထာဝရ ပျော်မွေ့ခြင်းခွင့် ကရုဏာတော်ကို မျှော်လင့်တောင့်တ ကြလော့။
 
ရှေးကာလက၊ ယုံကြည်ကြသောအမျိုး အစဉ်အဆက်တို့ကို ကြည့်ရှုကြလော့။ ဘုရားသခင်ကို ကိုးစားအားထား သူတို့သည်၊ ရှက်ကြောက်ဖွယ်အမှုများ တွေ့ကြုံခဲ့ပါ၏လော။
 
ကိုယ်တော်ကို ကြောက်ရွံ့ရိုသေ သူတို့အား စွန့်ပစ်ထားခဲ့ ဖူးသလော။ ဆည်းဖူးချဉ်းကပ် သူတို့အား စွန့်ပစ်ထားခဲ့ ဖူးသလော။
 
အဘယ်သို့ဆိုသော်၊ သခင်ဘုရားသည်၊ သနားခြင်း ကရုဏာနှင့် ကြွယ်ဝ၍၊ မေတ္တာတရားနှင့် ပြည့်ဝ သောကြောင့်၊ အပြစ်များကို ဖြေလွှတ်ဖြေရှင်း သည်သာမက၊ ဘေးဥပဒ်၊ ဒုက္ခ တွေ့ကြုံသည့် အထဲမှ၊ ကယ်နှုတ်တော်မှု၏။

Back to Top ▲