ဧဝံဂေလိ အစအဆုံး  ဝေငှခြင်း အမှတ် ၁၀
၃။ ဆက်ကပ်အပ်နှံခြင်း
- (ဃ) ဆက်ကပ် ဆုတောင်းခြင်း
- 
ဝေငှသူ – မိတ်ဆွေ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းကို နားညောင်းတော်မူပါတယ်။
 ကျွန်တော့်နောက်ကို တစ်ခွန်းခြင်းဆီ လိုက်ဆိုပေး ပါလား။
 ဝေငှခံရသူ – ဟုတ်ကဲ့၊ လိုက်ဆိုပါ့မယ်။
- 
ဝေငှသူ – အဖဘုရား၊
 အခုအချိန်ထိ ကျွန်ပ်သည်၊
 မိမိကိုယ်ကိုသာ ကိုးစားပြီး အသက်ရှင်လာ ခဲ့သော အပြစ်သား ဖြစ်ပါတယ်။
 ကျွန်ုပ် အပြစ်များကို ခွင့်လွတ်တော်မူပါ။
 ယေရှု ခရစ်တော်သည် ကျွန်ုပ် အပြစ်ကြောင့်
 ကားတိုင်တော် ထက်မှာ အသေခံတော် မူခဲ့ပြီး
 ရှင်ပြန် ထမြောက်တော် မူခဲ့ခြင်းကို ယုံကြည်ပါ၏။
 ယနေ့ ဒီအချိန်တွင်
 ကျွန်ုပ်ရဲ့ နှလုံးသား တံခါးအား ဖွင့်ထားပါ၏။
 ယေရှုခရစ်တော် ဝင်ရောက်လျက် ကိန်းဝပ်တော်မူပြီး
 ကျွန်ုပ်ရဲ့ ကယ်တင်ပိုင်ရှင်
 အသက်တာရဲ့ အရှင်သခင်အဖြစ် အုပ်စိုးတော်မူပါ။
 ယခု အချိန်မှစပြီး ကျွန်ုပ်သည်
 ဘုရား မျက်မှောက်တော်မှာ ရပ်နေရမည့် အချိန်အထိ
 ကျွန်ုပ်ရဲ့ အသက်တာကို လမ်းပြတော်မူပါ။
 ယေရှုနာမ၌ ဆုတောင်းပါ၏။
 အာမင်။
 ဝေငှခံရသူ – အာမင်။
- (င) ကယ်တင်ခြင်းစိတ်ချမှု
- 
ဝေငှခံရသူ – ယခု မိတ်ဆွေဟာ ဆုတောင်းတဲ့ အရာဟာ ဘာအဓိပ္ပါယ်လည်း ဆိုတာ ယေရှု ခရစ်တော် မိန့်တော်မူတဲ့ နှုတ်ကပတ်တော်ကို ဖတ်ကြည့်ရင် ကောင်းပါလိမ့်မယ်။ ဒါလေး ဖတ်ပေးနိုင်မလား။ (ရှင်ယောဟန် ခရစ်ဝင် ၆း၄၇ ကိုဖွင့်၍ ပေးလိုက်ရန်)
 ဝေငှခံရသူ – (ယော ၆း၄၇) “ငါ အမှန်အကန် ဆိုသည်ကား ငါ့ကို ယုံကြည်သော သူသည် ထာဝရ အသက်ကို ရ၏။”
- 
ဝေငှသူ – ယေရှုခရစ်တော်ကို ယုံကြည်တဲ့ သူဟာ ဘာကို ရတယ်လို့ ဆိုထားလဲ။
 ဝေငှခံရသူ – ထာဝရအသက်…
- 
ဝေငှသူ – ထာဝရအသက် ရမယ်လို့ ပြောလား။ ဒါမှမဟုတ် ရပြီးသားလို့ ပြောတာလား။
 ဝေငှခံရသူ – ရပြီးသားလို့ ပြောပါတယ်။
- 
ဝေငှသူ – ဒီမှာ ငါ့ကို ယုံကြည်သော “သူ” နေရာမှာ မိတ်ဆွေရဲ့ နာမည် ထည့်ဆိုလို့ ရမလား။
 ဝေငှခံရသူ – “ငါ အမှန်အကန် ဆိုသည်ကား ငါ့ကို ယုံကြည်သော… သည် ထာဝရအသက်ကို ရ၏။”
- 
ဝေငှသူ – ဒီသမ္မာတရားကို အခြေခံ၍ မိတ်ဆွေကို  မေးခွန်းတစ်ခု မေးပါရစေ။
 မိတ်ဆွေ၊ ဒီနှုတ်ကပတ်တော်ကို အခြေခံပြီး ထဝရ အသက်ကို ရပြီးမို့ အကယ်၍များ ဒီညဘဲ  သေသွားမယ် ဆိုရင် ကောင်းကင်နိုင်ငံတော် ဝင်ရောက်နိုင်တဲ့ စိတ်ချမှု ရှိပါသလား။
 ဝေငှခံရသူ – ဟုတ်။
- 
ဝေငှသူ – (အကြောင်းပြချက် မေးခွန်း) မိတ်ဆွေ၊  ဒီနှုတ်ကပတ်တော် အခြေပြုပြီး မိတ်ဆွေ  ကောင်းကင်နိုင်ငံတော် ဝင်ရောက်နိုင်တဲ့ အကြောင်း  ပြချက်က ဘာလဲ။
 ဝေငှခံရသူ – ယေရှုခရစ်တော်ကို ယုံကြည်  ခြင်းကြောင့် မို့ပါ။
 
 
Continue… »  »