၁၆၇း မြဲတည်ကျောက်ကျူး
Rock of Ages, Cleft for me
ဟေရှာ ၂၆း၎
မြဲတည်ကျောက်၊ ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ၊ ကိုယ်တော်အထဲ၊ နံတော်ထဲက စီးရေသွေး၊ ပြစ်အနာကို ငြိမ်းစေရေ၊ ပြစ်ဖြေရှင်း နှလုံးဆေးကြော၊ ကုန်စင်ကယ်တင် ပါစေသော။ |
မျက်ရည်များ အစဉ်ယိုစေ၊ စိတ်အားကြီး မလျော့မရွေ့။ ဤမျှပင် အပြစ်မလွတ်၊ ကိုယ်တော်သာ သနားကယ်ချွတ်။ လက်တော်၌ အဖိုးမပါ၊ တိုင်တော်ရင်းသာ ချဉ်းကပ်ပါ။ |
ထွက်သက်ဝင်သက် ရှုစဉ်တွင်၊ မျက်စိသေလျက် စုတေ့လျှင်၊ မြင့်ရွှေဘုံသို့ ပြန်တက်ကြွ၊ ဖြူပလ္လင်တော် မြင်ရမှ၊ မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ၊ ကိုယ်တော်အထဲ။ |