« « မာတိကာ Table of Contents
ဧဝံဂေလိလမ်းညွှန် Evangelism Guide
ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)
သင်တန်းမှတ်စု
အခန်း (၁)
သက်သေခံသူများ၏ အခန်းကဏ္ဍ
သက်သေခံတစ်ဦးသည်-
သက်သေခံတစ်ဦးသည်-
- ကယ်တင်ခြင်း။ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ကိုယ်တိုင်တွေ့ကြုံ ခံစားမှု ရှိရမည်။
- သန့်ရှင်းစင်ကြယ်ခြင်း။ သက်သေခံသူတစ်ဦး အသက်တာတွင် ဝိညာဉ်ရေးရာ အသေးစိတ် ဆန်းစစ်ချက် စာရင်းဖြင့် မိမိကိုယ်ကို ဆေးကြောစင်ကြယ်မှု ပြုလုပ်ခြင်းသည် အလွန်အရေးကြီး၏။
- ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် မိမိကိုယ်ကို စစ်ဆေးကာ အသက်တာတွင် ကိုယ်တော်နှင့်အတူ လျှောက်လိုက်ရာ၌ အဟန့်အတား ပြုနေသော အရာများကို ဖေါ်ပြပေးရန် တောင်းခံပါ။
- စိတ်ထဲတွင် ပေါ်လာသော အရာများကို စာရွက်ပေါ်တွင် ရေးချပါ။
- အပြစ်တိုင်းကို ဝန်ချတောင်းပန် ပြီးနောက် (၁ ယော ၁း၉) ပါ ကျမ်းစာစကားကို စာရွက် ပေါ်တွင် ကန့်လန့်ဖြတ် ရေးချလိုက်ပါ။
- ထိုစာရွက်ကို ဖျက်စီးလိုက်ပါ။
- အသက်တာတွင် အစဉ်တစိုက် အပြစ်များကို ဝန်ချတောင်းပန်ခြင်းဖြင့်၊ စစ်မှန်သော ခရစ်တော်၏ ခွင့်လွတ်ခြင်းနှင့် ဆေးကြောသန့်စင် ပေးခြင်းတို့ကို ရရှိခံစားရပြီး ကျွန်ုပ်တို့အား အတ္တမဆန်သော သူများဖြစ်လာ စေပါမည်။
- ထိုသို့အားဖြင့် ကျွန်ုပ်တို့သည်- သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝ နိုင်ပေမည်။
- ဝိညာဉ်တော်နှင့် အစဉ်ပြည့်စုံလျက် ရှိကြလော့။ (ဧဖက် ၅း၁၈)
- ဧဝံဂေလိ လုပ်ငန်းသည် နှစ်ဦးအပြန်အလှန် ပြောဆိုခြင်း (Dialogue) မဟုတ်ပေ။ သက်သေခံသူ (Witness) မျှော်မှန်းသူ (Prospect) နှင့် သန့်ရှင်းသော ဝိညာဉ်တော် (Holy Spirit)တို့ ပါဝင်သော သုံးဦး စကားပြောခြင်း (Trialogue) ဖြစ်သည်။ (တမန် ၁၁း၁၅)
- သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အသက်တာ၌ အလုပ် လုပ်ဆောင်နေမှသာ ကျွန်ုပ်တို့သည် ဆက်ကပ်ခြင်း ပြုနိုင်မည်။။
- ပါဝင်သူ သင်တန်းသားတိုင်း ဆက်ကပ်အပ်နှံ ရမည့်ချက်များကို နောက်စာမျက်နှာတွင် တွေ့နိုင်ပါသည်။
- ဤဆက်ကပ်အပ်နှံ မှုများကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ သကဲ့သို့ အလေးထားပြီး လုပ်ဆောင် ရပါမည်။
- ဆပ်ကပ်အပ်နှံမှုကို အလေးအနက်ထား၍ လုပ်ဆောင်ခြင်းက ကျွန်ုပ်တို့အား ဆုတောင်းခြင်းနှင့် ပြည့်ဝသော အသက်တာ ဖြစ်လာအောင် ပို့ဆောင်ပေးသည်။
- ဓမ္မသစ် ဧဝံဂေလိ လုပ်ငန်းသည် အစဉ် အမြဲပင် ဆုတောင်းခြင်းနှင့် ဒွန်တွဲနေသည်။
- ဧ-ပွား၌ ပါဝင်သူများသည် ဆုတောင်းဖေါ် နှစ်ဦးစီကို သိမ်းသွင်း ထားကြရပြီး အပတ်တိုင်း သူတို့နှင့် တွေ့ဆုံကာ သစ္စာရှိစွာဖြင့် ဆုတောင်း ကြရပါမည်။
- ဤကိစ္စကို ဆောင်ရွက်နိုင်ရန် ဆုတောင်း ခြင်း၏ အဖော်မွန် စာအုပ်ငယ်ကို အသုံးပြုရသည်။
ဤအချက်ကို အခန်း(၂)တွင် ပြည့်စုံစွာ ဖော်ပြပါမည်။
ဧ-ပွား၏ အနှစ်သာရများ
ဧဝံဂေလိ သတင်းကောင်း တင်ဆက်ခြင်း
- ဤဝေငှ တင်ဆက်ခြင်းသည် လူကိုယ်ခန္ဓာ ကဲ့သို့ ဖြစ်သည်။
- _______ သည်အရိုးစုဖြစ်သည်။
- ကျမ်းချက်များ သည် အသားကဲ့သို့ ဖြစ်သည်။
- မိမိ၏သက်သေခံချက်များ နှင့် ဥပမာများသည်လူ့အရေခွံနှင့် အပြင်ပန်း လက္ခဏာ အသွင်အပြင်များနှင့် တူသည်။
- သန့်ရှင်းသော ဝိညာဉ်တော်သည် ဧဝံဂေလိ ဝေငှချိန်တွင် လှုပ်ရှားလုပ်ဆောင်ပြီး သူသည် အသက်ရှုခြင်းနှင့် တူ၏။
- ဤဧဝံဂေလိ ဝေငှတင်ဆက် နည်းသည် ဆီသွတ်ဘူးကဲ့သို့သော (သို့မဟုတ်) ပုံသေ တင်းကြပ်သည့် ဝေငှနည်း မဟုတ်ပေ။
- ဝေငှ သက်သေခံသူ၏ ပင်ကိုယ် အရည် အသွေးသည် ဝေငှတင်ဆက် သည့်အခါတွင် ထင်ရှားလာပါမည်။
- မျှော်မှန်းသူ တစ်ဦးချင်း၏ အခြေအနေ လိုအပ်ချက်နှင့် အညီ သတင်းကောင်းကို ဝေငှတင်ဆက် ရပါမည်။
အပတ်စဉ် ကြိုတင်ပြင်ဆင်ခြင်း
- အခန်းတိုင်း၌ သင်တန်းသားများအား အိမ်စာနှင့် အလုပ်တာဝန်များကို ပေးအပ်ရပါမည်။ ယင်းအလုပ်တာဝန်နှင့် အိမ်စာများကို နောက်တပတ် စာသင်ခန်းသို့ မတက်ရောက်မှီ ကြိုတင်၍ အပြီးလုပ်ဆောင် ရမည်။
Scroll to Top ▲